120Hz AMOLED မျက်နှာပြင်နဲ့ 120W Fast Charging ပါတဲ့ Black Shark 4 Series ကို ၂၃ ရက်နေ့ ကြေညာမည်

Black Shark က ဒီလ ၂၃ ရက်နေ့မှာ Black Shark 4 နဲ့ Black Shark 4 Pro တို့ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက Black Shark 4 Pro မှာ 120W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါလာမယ်လို့ အတည်ပြုထားပြီး ၁၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Black Shark 4 မှာလည်း မြန်နှုန်းမြင့် အားသွင်းနည်းပညာ ပါလာမှာဖြစ်ပြီး အပူလျှော့ချပေးနိုင်တဲ့ နည်းပညာကြောင့် အားသွင်းနှုန်း ပိုကောင်းအောင် ပြုလုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။

Black Shark 4 မှာ ၆.၆၇ လက်မ FHD+ AMOLED 120Hz Refresh Rate မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး အရွယ်အစား အပြည့်အစုံဟာ 163.83 x 76.35 x 10.3mm ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ Android 11 မောင်းနှင်ထားမှာ ဖြစ်ပြီး 65W Fast Charging ပါတဲ့ 4,720mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။ Black Shark 4 မှာ Snapdragon 870 နဲ့ Black Shark 4 Pro မှာ Snapdragon 888 Chipset တွေ ပါလာမယ်လို့ သတင်းပေါက်ကြားနေပါတယ်။

Ref : fonearena

%d bloggers like this: