Xiaomi Mi 10S ကို နိုင်ငံတကာမှာ ကြေညာဖို့ နီးလာပြီ

Xiaomi ဟာ တရုတ်မှာ Mi 10S ကို မတ်လ ၁၀ ရက်နေ့က ကြေညာခဲ့ပြီး အခုတော့ သူ့ကို Google Play Console ရဲ့ ဒေတာဘေ့စ်မှာ တွေ့လာရပါပြီ။ အဲဒီအတွက် မကြာခင် နိုင်ငံတကာမှာ ကြေညာနိုင်ပါတယ်။


Xiaomi Mi 10S ရဲ့ Specs တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ သူ့မှာ ၆.၆၇ လက်မ FHD+ AMOLED မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါပါတယ်။ Snapdragon 870 Chipset မောင်းနှင်ထားပြီး 33W Fast Charging ထောက်ပံ့တဲ့ 4,780mAh ဘက်ထရီ ပါပါတယ်။ 30W Wireless Charging နဲ့ 10W Reverse Wireless Charging တွေ ထည့်သွင်းထားပါတယ်။

ဆဲလ်ဖီး အတွက် 20MP ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အနောက်ဘက်မှာ 108MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါလာပါတယ်။ 8/128GB , 8/256GB နဲ့ 12/256GB Version ၃ မျိုး ထုတ်လုပ်ထားပြီး တရုတ်မှာ ၃,၂၉၉ ၊ ၃,၄၉၉ နဲ့ ၃,၇၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၇ သိန်း ၁ သောင်းခွဲ၊ ၇ သိန်း ၆ သောင်းနဲ့ ၈ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gizmochina

%d bloggers like this: