realme 8 Series ကို မတ်လ ၂၄ ရက်နေ့ ကြေညာမှာ သေချာပြီ

realme က 7 နဲ့ 7 Pro ကို ပြီးခဲ့တဲ့ စက်တင်ဘာလက ကြေညာခဲ့ပြီး အခုတော့ နောက်မျိုးဆက် 8 နဲ့ 8 Pro ကို စောစောစီးစီး မတ်လ ၂၄ ရက်နေ့မှာ ချပြတော့မှာပါ။ realme က မီဒီယာတွေကို ဖိတ်စာတွေ ပေးပို့လိုက်ပြီ ဖြစ်ပြီး ၂၄ ရက်နေ့မှာ နိုင်ငံတကာအတွက် ကြေညာမှာပါ။

ကုမ္ပဏီ အရင်က မျှဝေခဲ့တဲ့ Teaser မှာတော့ 8 မှာ 64MP ကင်မရာနဲ့ Pro မှာ 108MP ကင်မရာ ပါလာမယ်လို့ သတင်းပေးထားပါတယ်။ သူတို့အတွက် ဘယ်အရောင်တွေ ထုတ်လုပ်ထားမလဲ ဆိုတာ မသိရသေးပေမယ့် Pro အတွက် အမှောင်ထဲမှာ အလင်းရောင်တောက်ပစေတဲ့ အထူးထုတ် ကာဗာ ထုတ်လုပ်ထားမှာပါ။

ဖိတ်စာမှာ အဲဒီဖုန်းတွေရဲ့ Specs တွေကို ဘာမှ မပြောထားပေမယ့် အရင်က Teaser တွေအရ Pro မှာ အနောက်ကင်မရာ ၄ လုံး တပ်ဆင်ထားမှာပါ။ realme 8 ရဲ့ ဓါတ်ပုံ ၁ ပုံကို ကုမ္ပဏီက ဒီလ အစောပိုင်းက မျှဝေထားပြီး ဒီဇိုင်းကို လေ့လာလို့ရခဲ့သလို Helio G95 SoC, 6.4” AMOLED မျက်နှာပြင် , 5,000mAh ဘက်ထရီနဲ့ 30W Charging တွေ ထည့်သွင်းထားမှာ သိခဲ့ရပါတယ်။

မိတ်ဆက်ပွဲ မတိုင်ခင်မှာ realme 8 နဲ့ 8 Pro ရဲ့ သတင်းအချက်အလက်တွေကို ကုမ္ပဏီက ပိုမို ပြောကြားလာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: