OnePlus Watch ကို မတ်လ ၂၃ ရက်နေ့ ကြေညာမည်

OnePlus စမတ်နာရီ သတင်းတွေထွက်နေတာ နှစ်အနည်းငယ်တောင် ရှိနေပါပြီ။ သူ့ကို ပြီးခဲ့တဲ့ နှစ်က OnePlus 8T နဲ့အတူ မိတ်ဆက်မယ်လို့ ထင်ခဲ့ကြပေမယ့် မဖြစ်လာခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စီအီးအို Pete Lau က ၂၀၂၁ အစောပိုင်းမှာ ပထမဆုံး စမတ်နာရီကို ချပြမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ ၂၃ ရက်နေ့မှာ သူ့ကို OnePlus 9 Series နဲ့အတူ ကြေညာတော့မှာပါ။

OnePlus က တွစ်တာမှာ ဗီဒီယို ၁ ခု မျှဝေလိုက်ပြီး “You asked for it. You’re getting it” လို့ ရေးသားထားတဲ့အတွက် မကြာခင် ကြေညာတော့မှာပါ။ OnePlus က ကြေညာမယ့် နေ့ကို မပြောပေမယ့် ဒီလ ၂၃ ရက်နေ့ သေချာနေပါပြီ။

မကြာခင်က သူ့ကို Indian BIS (Bureau of Indian Standards) မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီမှာ W501GB နဲ့ W301GB မော်ဒယ်နံပါတ် ၂ မျိုးနဲ့ မှတ်ပုံတင်ထားပြီး WiFi Only Version နဲ့ LTE Version တို့ ဖြစ်နိုင်ပါတယ်။

အရင်သတင်းတွေအရ သူ့မှာ Google Wear OS ကို မသုံးထားဘူးလို့ သတင်းထွက်လာပါတယ်။ OnePlus ဟာ Google Android OS ကို ခိုင်ခိုင်မာမာ သုံးစွဲနေတာ ဖြစ်တဲ့အတွက် ဒီသတင်းက အံ့အားသင့်စရာ ကောင်းပါတယ်။ Google Wear OS ကို ကိုယ်ပိုင် OS မထုတ်နိုင်တဲ့ ကုမ္ပဏီတွေ အသုံးများကြပါတယ်။ Fossil နဲ့ Mobvoi ဟာ Wear OS ကို အဓိက သုံးနေကြသလို OPPO ကလည်း တရုတ်ပြင်ပမှာ Wear OS ကိုပဲ သုံးနေပါတယ်။ OnePlus ဟာ သူ့ စမတ်နာရီမှာ ဘာ OS သုံးမလဲဆိုတာ မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: