Xiaomi Mi 11 Lite 5G ရဲ့ ဈေးနှုန်း ထွက်လာ

Xiaomi က Mi 11 Series အတွက် Mi 11 ကိုပဲ ကြေညာရပါသေးတယ်။ Mi 11 Lite 5G , Mi 11 Pro နဲ့ Mi 11 Ultra တို့လည်း ထွက်လာဖို့ရှိနေပါတယ်။ အခုတော့ Mi 11 Lite ကို ဥရောပ စတိုးဆိုင် ၁ ခုက စာရင်းတင်ထားပြီး ဈေးနှုန်းကို ၄၀၈.၁၈ ယူရို သတ်မှတ်ထားပါတယ်။ Truffle Black အရောင် ဖြစ်ပြီး 6GB RAM , 128GB Storage ထည့်သွင်းထားပါတယ်။

အရင်က သူ့ကို FCC မှာ တွေ့လာရပြီ ဖြစ်ပြီး Specs နဲ့ လုပ်ဆောင်ချက် တချို့ကို သိလာရပါပြီ။ FCC မှာ သူ့ရဲ့ မော်ဒယ်နံပါတ်က M2101K9G ဖြစ်ပြီး 4G မော်ဒယ်ရဲ့ မော်ဒယ်နံပါတ်က M2101K9AG ဖြစ်ပါတယ်။

FCC မှာ 5G မော်ဒယ်အတွက် 6GB +128GB, 8GB + 128GB, 8GB + 256GB Storage Version တွေ ထွက်လာမယ်လို့ ဖော်ပြထားပါတယ်။ ဘက်ထရီက 4,150mAh ဖြစ်ပြီး 33W Fast Charging နဲ့ MIUI 12 တွေ ပါလာမယ်လို့ သိရပါတယ်။

ဆက်သွယ်မှု အပိုင်းမှာ 5G NR, NFC, 4G LTE with CA(Carrier Aggregation), Wi-Fi 5GHz, Bluetooth 5.2, GPS, Galileo, BeiDou, GLONASS တို့ ထောက်ပံ့ထားမှာ ဖြစ်ပြီး Chipset အကြောင်းကို FCC မှာ မတွေ့ရသေးပါဘူး။ ပေါက်ကြားသတင်းအရ မကြေညာရသေးတဲ့ Snapdragon SD775 Chipset ပါလာနိုင်ပါတယ်။

အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 5MP Macro ကင်မရာ ၃ လုံးပါလာနိုင်ပါတယ်။ LCD မျက်နှာပြင်၊ 120Hz Refresh Rate တွေ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: