Xiaomi က Gaming ဖုန်း ၁ လုံး ဖန်တီးနေ

Xiaomi VP Lu Weibing က နောက်ထုတ်မယ့် စမတ်ဖုန်း ၂ လုံးကို ဝီဘိုကနေ အရိပ်အမြွက် အသိပေးလိုက်ပါတယ်။ ၁ လုံးကို “Machine King” လို့ သူက ပြောပြီး နောက် ၁ လုံးက E-sports Gaming ဖုန်း ဖြစ်ပါတယ်။

သူက အဲဒီ ဖုန်းတွေ ထွက်လာဖို့ အချိန်လိုဦးမယ်လို့ ပြောပေမယ့် အချိန်အတိအကျကို သူက မပြောသွားပါဘူး။ သူတို့ဟာ Xiaomi Mi 11 Ultra နဲ့ Black Shark 4 လို့ ထင်ရပြီး ဒီနှစ်နှောင်းပိုင်းမှာ ထွက်လာနိုင်ပါတယ်။

အဲဒီ ၂ လုံးစလုံးမှာ Snapdragon 888 Chipset တွေ ထည့်သွင်းထားနိုင်ပြီး Periscope Zoom ကင်မရာ ( 5x or 10x) တပ်ဆင်ထားနိုင်ပါတယ်။ Gaming စမတ်ဖုန်းရဲ့ Refresh Rate ဟာ 120Hz အထက်မှာ ရှိနိုင်ပါတယ်။

ထူးခြားတာက ZTE ရဲ့ Qianhao Lu က Lu Weibing ရဲ့ ပို့စ်မှာ တုန့်ပြန်လိုက်တာက 18GB RAM ပါတဲ့ Red Magic 6 Pro ကို မတ်လ ၄ ရက်နေ့ ကတည်းက ကြေညာပြီးပြီ ဆိုတာပါ။

Ref : gsmarena

%d bloggers like this: