OnePlus ဟာ 9 Series ကို မတ်လ ၂၃ ရက်နေ့ ကြေညာမယ်လို့ မကြာခင်က အတည်ပြုလိုက်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်တွေလည်း မကြာခဏ ပေါက်ကြားထွက်ပေါ်နေပြီး အခုတော့ OnePlus 9 Pro မှာ Charger ပါလာမယ်လို့ သိရပါတယ်။ Ultra-fast Warp Charging ထည့်သွင်းထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာမှာပါ။
It all begins with a simple thought. Discover the #OnePlus9Series, co-developed with Hasselblad, on March 23.
Get notified: https://t.co/8HQZu9LLbl pic.twitter.com/fIajmlM2Lg
— OnePlus➕ (@OnePlus_USA) March 8, 2021
အရင်ကလည်း သူ့မှာ LTPO မျက်နှာပြင် ထည့်သွင်းထားမယ်လို့ သတင်းထွက်လာခဲ့ပြီး LTPO တွေဟာ LTPS Panel ထက် စွမ်းအင်စားသုံးမှု သက်သာတဲ့အတွက် Apple က သူ့ရဲ့ စမတ်နာရီတွေမှာ စတင် သုံးခဲ့တာဖြစ်ပါတယ်။
အရင်သတင်းတွေအရ OnePlus 9 Pro မှာ ၆.၇ လက်မ Curved မျက်နှာပြင်နဲ့ ဘယ်ဘက်ထိပ်မှာ Punch Hole ၁ လုံး ပါလာနိုင်ပါတယ်။ Quad HD+ AMOLED ဖြစ်နိုင်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားနိုင်ပါတယ်။ 120Hz ကနေ 144Hz Refresh Rate ကို အဆင့်မြှင့်ထားမလား ဆိုတာ မသိရသေးပါဘူး။
သူ့မှာ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် SD888 Chipset ထည့်သွင်းထားနိုင်ပြီး အများဆုံး 12GB RAM ပါလာနိုင်ပါတယ်။ Android 11 အခြေပြု OxygenOS 11 မောင်းနှင်ထားနိုင်ပြီး အရင်သတင်းအရ အဲဒီဖုန်းမှာ အရင်မျိုးဆက်ရဲ့ 4510mAh ထက် ပိုကြီးတဲ့ ဘက်ထရီနဲ့ 65W Fast Charging ပါမယ်လို့ သိရပါတယ်။ သူ့မှာ 45W Wireless Charging ပါလာမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ ဒါတင်မကသေးဘဲ Reverse Wireless Charging ပါ ထည့်သွင်းထားမယ့်အတွက် တခြား ဖုန်းတွေကို ကြိုးမဲ့ အားသွင်းပေးနိုင်မှာပါ။
OnePlus 9 Pro မှာ IP68 စံနှုန်းပါလာနိုင်ပြီး 9 နဲ့ 9E မပါလာဘူးလို့ သတင်းထွက်လာပါတယ်။ ဟုတ်ပါတယ်။ ကုမ္ပဏီက 9E ကိုပါ ထုတ်လုပ်ရောင်းချမယ်လို့ သိရပြီး သူ့ရဲ့ Specs တွေ ပေါက်ကြားထွက်လာခြင်း မရှိသေးပါဘူး။
Ref : gsmarena