0 Shares 62 Views

သင့် iPhone ဘက်ထရီကိုသက်တမ်းတိုစေတာတွေကိုဘယ်လိုကြည့်မလဲ

သင့်ရဲ့ Instagram ကိုတစ်နာရီမှာ အကြိမ်ငါးဆယ်လောက် မကြည့်ဘူးဆိုရင်တော့ သင့် iPhone က Junk တွေများလွန်းတယ်ဆိုပြီး အချက်ပေးမှာမဟုတ်ပါဘူး။ ဒါပေမယ့် သင်ဟာ သာမန်လူပုဂ္ဂိုလ်တစ်ယောက် ဆိုရင် သင့်အနေနဲ့ များစွာသော ကွဲပြားခြားနားတဲ့ App တွေကို ကြည့်နေမှာ အမှန်ပါပဲ။ ဒါတွေကသင့်ကို ကြီးမားတဲ့ အနှောင့်အယှက်ဖြစ်စေပြီး သင့်ရဲ့ဖုန်းဘက်ထရီကို ကြာရှည်မခံစေတာဖြစ်ပါတယ်။

သင့်မှာ သတိလက်လွှတ်အားသွင်းတဲ့ အမူအကျင့်များရှိနေလား? ဒါမှမဟုတ် ဒါဟာသင့်ရဲ့ တချို့App တွေက အားတွေကို နှုတ်ယူနေနိုင်တာလဲ ဖြစ်နိုင်ပါတယ်။ ကံကောင်းစွာနဲ့ Apple က ဒီလိုပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်ဖို့ပြုလုပ်ထားပေးတာကို ကျေးဇူးတင်ရမှာပါ။ ဒီမှာတော့ သင့်အနေနဲ့ ဖုန်းထဲမှာ ဘယ် App တွေက ဘက်ထရီအများဆုံးစားနေသလဲဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါမှ သင့်အနေနဲ့ ဒီလိုအရာတွေကို ရှောင်ရှားပြီး သင့်ဖုန်းထဲမှာရှိနေတဲ့ အန္တရာယ်ရှိတဲ့အရာတွေကို ဖယ်ထုတ်နိုင်မှာဖြစ်ပါတယ်။

Settings ထဲက Battery ကိုသွားပြီး Battery Usage ကိုရှာလိုက်ပါ။ အဲ့ဒီမှာ သင့်ဖုန်းထဲမှာ အလုပ်လုပ်နေတဲ့ App တွေကို ဘက်ထရီအသုံးပြုမှုများတဲ့ App ကနေစပြီး အစဉ်လိုက် တွေ့ရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက အသုံးပြုမှုပေါ်မူတည်ပြီးတွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ လွန်ခဲ့တဲ့ ခုနှစ်ရက်ကသုံးထားတဲ့ ပုံစံကိုလည်းတွေ့နိုင်မှာပါ။ တစ်ပတ်လုံးသုံးထားတာကို ကြည့်လိုက်ပါ။

iphone battery1

နာရီပုံအိုင်ကွန်လေးနဲ့ ညာဘက်က Box (Last 7 Days) ကိုဝင်လိုက်ပြီး အကြမ်းအနေနဲ့ပဲ ကြည့်လိုက်ပါ။ အဲ့ဒီမှာ သင့်အနေနဲ့ ဘယ်နှနာရီလောက် ဘယ် App တွေကို တက်တက်ကြွကြွ အသုံးပြုခဲ့တယ်ဆိုတာကို တွေ့ရမှာပါ။ စိတ်ပျက်သွားပြီလား။ သင့်အနေနဲ့ အသုံးအများဆုံး App တွေနဲ့အတူ အဲ့ဒီ App တွေက ဘက်ထရီအား ဘယ်လောက်ကုန်တယ် ဆိုတာကိုပါတစ်ခါထဲ ရာခိုင်နှုန်းနဲ့ တွက်ပြီးပြပေးထားပါတယ်။

iphone battery2

တကယ်လို့သင်က Facebook ကိုပုံမှန်သုံးနေတဲ့လူတစ်ယောက်ဆိုရင် သင့်အနေနဲ့ Facebook ကို စာရင်းရဲ့ ထိပ်ဆုံးမှာ တွေ့ရမှာပါ။ ဒါဟာဘာကြောင့်လဲဆိုရင် ဒီApp က အပိုလုပ်ဆောင်ချက်တွေ ပုံတွေ၊ တခြား Gadgets တွေအရမ်းများလို့ Facebook ဟာ သင့်ဘက်ထရီကို အများဆုံးစားသုံးနေတာဖြစ်ပါတယ်။

တခြား Snapchat, Google Maps နဲ့ Instagram တို့လို App တွေကလည်း သင့်ဖုန်းဘက်ထရီအစားဆုံးထဲမှာ ပါနေမှာပါ။ Camera, GPS, You Tube, Spotify တို့ရောပဲပေါ့။

ဟုတ်တာပေါ့, သင့်အနေနဲ့ သင့်ဘက်ထရီ ၁၀ရာခိုင်နှုန်းထိရောက်မသွားခင် သင့်အနေနဲ့ အချိန်မှီပြင်ဆင်ဖို့ ဘယ်လိုလုပ်မလဲ။ Apple ကသင့်ကို လတ်တလောပူပူနွေးနွေးပဲ Low Power Mode ကိုမိတ်ဆက်ခဲ့ပါတယ်။ (Sitting>Battery>Low Power Mode) ပါပဲ။ အဲ့ဒါလေးက သင့်ဖုန်းထဲက ဖုန်းအားအလိုအပ်ဆုံး အရာတွေဖြစ်တဲ့ Mail Fetch, Automatic Downloads နဲ့ တခြား Visual Effects တွေကို နောက်တစ်ကြိမ် အားပြန်မသွင်းခင်အထိ ယာယီရပ်တန့်ထားလို့ရပါတယ်။

iPhone low power mode

အဲ့ဒါအပြင် သင့်ဖုန်းကအားကုန်ခါနီးဖြစ်နေပြီး Brightness တအားများနေရင်လဲ ဖုန်းစခရင်က Bottom Menu ကိုဆွဲတင်ပြီး Brightness ကိုချလိုက်လို့ရပါတယ်။ လူမှုကွန်ယက်တွေက လည်းဘက်ထရီကိုအရမ်းကုန်လွယ်စေတာမို့ အားကုန်ခါနီးရင် Social Media တွေမသုံးတာအကောင်းဆုံးပါပဲ။

Ref: Thrillist

You may be interested

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ
NEWS, Tech Update
173 shares27 views

Amazon က ဈေးဝယ်သူများနောက်ကို လိုက်၍ ဖုန်း အားသွင်းပေးမယ့် စက်ရုပ်ကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

Amzon က လေဆိပ်များ ၊ ဈေးဝယ်စင်တာများလို အများပြည်သူ နေရာများမှာ လူများရဲ့ နောက်သို့ လိုက်ပါ၍ ဖုန်းအားသွင်းပေးမယ့် စက်ရုပ် Patent ကို မှတ်ပုံတင်လိုက်ပါတယ်။ အဲဒီ စက်ရုပ်များမှာ အားသွင်းပေါက်များနဲ့ အားသွင်းကြိုးများကို တပ်ဆင်ပေးထားပါတယ်။ အချိန်အတော်ကြာ ဈေးဝယ်ထွက်သူများနဲ့ လေဆိပ်မှာ…

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ
NEWS, Softwares & Application, Tech Update
93 shares15 views

Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်းကို သိနိုင်တဲ့ စမတ်ကင်မရာကို ဖန်တီးနေ

Ko Thuya - Jul 22, 2017

ကမ္ဘာကျော် ဈေးဝယ်စင်တာ တစ်ခု ဖြစ်တဲ့ Walmart က ဈေးဝယ်သူများ စိတ်မကျေနပ်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနဲ့ အခြား စိတ်မနှစ်မြို့ဖွယ်ရာ မျက်နှာ အမူအယာများကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စမတ် ကင်မရာ နည်းပညာကို ဖန်တီးနေပါတယ်။ အဲဒီ နည်းပညာကို ငွေရှင်းတဲ့ ကောင်တာများအနီးမှာ တပ်ဆင်ထားတဲ့…

Facebook က Modular Smartphone ကို တီထွင်နေသလား ?
Mobiles & Tablets, NEWS
459 shares247 views

Facebook က Modular Smartphone ကို တီထွင်နေသလား ?

Ko Thuya - Jul 22, 2017

ယခင် DARPA ရဲ့ ဒါရိုက်တာ ဖြစ်သူ Regina Dugan ဦးဆောင်တဲ့ Facebook ရဲ့ Building 8 ဟာ လျှို့ဝှက်ဌာန ဖြစ်ပြီး အစိတ်အပိုင်းများကို ဖြုတ်လဲနိုင်တဲ့ Modular Smartphone ကို တီထွင်နေတယ်လို့ Business Insider…

Most from this category