Helio P95 SoC နဲ့ 48MP ကင်မရာ ပါတဲ့ OPPO A94 ကို ကြေညာ

OPPO က A94 ကို ကြေညာလိုက်ပြီး Helio P95 SoC မောင်းနှင်ထားပါတယ်။ သူ့မှာ ၆.၄၃ လက်မ Full HD+ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး Android 11 အခြေပြု ColorOS 11.1 မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

32MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 48MP Main နဲ့ Ultrawide , Macro , Monochrome ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ OPPO က ကင်မရာ သတင်းအချက်အလက်တွေကို မပြောသေးပေမယ့် 8MP Ultrawide , 2MP Macro နဲ့ 2MP Monochrome တို့ ဖြစ်နိုင်ပါတယ်။ OPPO A94 မှာ AI Color Portrait Video , Monochrome Video , Dual View Video လုပ်ဆောင်ချက်တွေ ပါလာပါတယ်။

30W Charging ပါတဲ့ 4,310mAh ဘက်ထရီ ထည့်သွင်းထားပြီး နားကြပ်ပေါက်၊ USB-C Port နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေ ပါလာပါတယ်။ Fluid Black နဲ့ Fantastic Purple ၂ ရောင် ထုတ်လုပ်ထားပြီး OPPO UAE မှာ စာရင်းတင်ထားပေမယ့် ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: