90Hz မျက်နှာပြင်၊ Dimensity 1100 ပါတဲ့ Vivo S9 ကို ကြေညာ

Vivo က တရုတ်မှာ S9 ကို ကြေညာလိုက်ပြီး ၆.၄၄ လက်မ Full HD+ AMOLED မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါလာပါတယ်။ 180Hz Touch Sampling Rate ထောက်ပံ့ထားပြီး Screen-to-body Ratio က ၉၁.၀၄ ရာခိုင်နှုန်း ရှိပါတယ်။ MediaTek Dimensity 1100 6nm Processor မောင်းနှင်ထားပြီး 5G ပါပါတယ်။ VC Cooling ကြောင့် အပူချိန်မများအောင် ကာကွယ်ပေးနိုင်ပါတယ်။

အနောက်ဘက်မှာ 64MP , 8MP Ultrawide-angle , 2MP Mono ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 44MP နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ 4K 60fps ဗီဒီယိုတွေ ရိုက်ကူးနိုင်ပြီး EIS Stabilization ပါပါတယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး 33W Fast Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ပါပါတယ်။

Vivo S9 specifications

• 6.44-inch (1080 x 2400 pixels) Full HD+ 20:9 AMOLED display with 90Hz refresh rate, 98% NTSC color gamut, up to 1300 nits brightness
• Octa Core (4 x 2.6GHz A78+ 4 x 2GHz A75 ) Dimensity 1100 6nm processor with Mali-G77 MC9 GPU
• 8GB LPDDR4X RAM with 128GB (UFS 3.1) storage / 12GB LPDDR4X RAM with 256GB (UFS 3.1) storage
• Dual SIM (nano + nano)
• Android 11 with OriginOS 1.0
• 64MP rear camera with 0.8μm pixel size, f/1.7 aperture, OIS, 8MP 119° ultra-wide camera with f/2.2 aperture, 2MP macro camera with f/2.4 aperture
• 44MP autofocus front-facing camera with f/2.2 aperture, secondary 8MP 105° ultra-wide camera with f/2.28 aperture, dual soft LED flash, 4k video recording
• In-display fingerprint sensor
• Dimensions: 158.39×73.87×7.35mm; Weight: 173g
• USB Type-C audio, Super linear speaker
• Dual 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax (2.4GHz + 5GHz), Bluetooth 5.1, GPS + GLONASS, NFC, USB Type-C
• 4000mAh battery with 33W fast charging

Vivo S9 အတွက် Midnight Blue , Gradient Blue နဲ့ White ၃ ရောင် ထုတ်လုပ်ထားပြီး 8/128GB ကို ၂,၉၉၉ ယွမ်၊ 12/256GB ကို ၃,၂၉၉ ယွမ် သတ်မှတ်ထားပါတယ်။ ၆ သိန်းခွဲနဲ့ ၇ သိန်း ၁ သောင်းခွဲလောက် ကျသင့်မှာ ဖြစ်ပြီး ၂၇ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: