၁၈ နာရီ အသုံးခံတဲ့ Vivo Neckband Wireless နားကြပ်ကို ကြေညာ

Vivo က တရုတ်မှာ ကြိုးမဲ့နားကြပ် အသစ် ၁ ခုကို ကြေညာလိုက်ပါတယမ်။ Vivo Neckband Wireless Headset HP2154 လို့ နာမည်ပေးထားပြီး Bluetooth 5.0 ထောက်ပံ့ထားပါတယ်။ Vivo က အသံအရည်အသွေး အကောင်းဆုံး ဖြစ်စေဖို့ Golden Ears Acoustic အဖွဲ့က ဖန်တီးပေးထားတယ်လို့ ပြောပါတယ်။ 80ms Low Latency Audio ပါတဲ့အတွက် ဂိမ်းကစားရင် အသံနောက်ကျတာ နည်းပါးစေပါတယ်။

Neckband ဟာ ၂၄ ဂရမ်ပဲရှိပြီး အရမ်းပေါ့ပါးကာ ပါဝါ၊ အသံနဲ့ထိန်းချုပ် ခလုတ်တွေ တပ်ဆင်ထားပါတယ်။ ၁၀ မိနစ် အားသွင်းရင် ၅ နာရီလောက် သီချင်း နားထောင်နိုင်ပါတယ်။ အားအပြည့်သွင်းထားရင် ၁၈ နာရီတောင် အသုံးခံပါတယ်။

Vivo Neckband wireless headset (HP2154) specifications

• 11.2mm dynamic driver, Daikoku coil
• Bluetooth 5.0
• Low Latency reduces latency to 80ms
• Weight: 24g
• Button with Quick Switch, volume, skip track, phone calls, voice assistant
• Magnetic control
• Sweat and water-resistant (IPX4)
• 129mAh battery offers up to 18 hours music playback (50% volume), 12 hours of talk time, 10 minutes charge for 5hours of audio with USB Type-C fast charging

Feather Grey , Black နဲ့ Blue ၃ ရောင် ထုတ်လုပ်ထားပြီး ၂၉၉ ယွမ် သတ်မှတ်ထားပါတယ်။ ၆ သောင်း ၄ ထောင်လောက် ကျသင့်ပြီး တရုတ်မှာ ဒီလ ၁၁ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: