120Hz AMOLED မျက်နှာပြင်၊ Snapdragon 888 ပါတဲ့ realme GT 5G ကို ကြေညာ

realme က စွမ်းရည်မြင့် GT 5G Series စမတ်ဖုန်းကို ကြေညာလိုက်ပါပြီ။ သူ့မှာ ၆.၄၃ လက်မ Full HD+ 120Hz Super AMOLED မျက်နှာပြင်နဲ့ 360Hz Touch Sampling Rate ထည့်သွင်းထားပြီး 16MP Punch Hole ကင်မရာ ၁ လုံး ပါလာပါတယ်။ Screen-to-body Ratio က ၉၁.၇ ရာခိုင်နှုန်းရှိပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

SD888 နဲ့ ကြမ်းထားပြီး 5G ထောက်ပံ့ထားကာ အပူချိန် လျှော့ချပေးတဲ့ နည်းပညာတွေ ပါလာပါတယ်။ 4D Vibration အသစ်စက်စက် ထောက်ပံ့ထားပြီး အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Macro ကင်မရာတွေ တပ်ဆင်ထားပါတယ်။ 65W Super Dart Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါလာပြီး ၃၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

အနောက်ဘက်ကို ဖန်နဲ့အုပ်ထားတဲ့ ငွေနဲ့ အပြာရောင် မော်ဒယ် ၂ လုံးအပြင် Vegan သားရေ ဒီဇိုင်းလည်း ထုတ်လုပ်ထားပါတယ်။

realme GT 5G specifications

• 6.43-inch (2400×1080 pixels) Full HD+ AMOLED 20:9 aspect ratio screen with HDR10+, 120Hz refresh rate, 98% NTSC color gamut, 100% DCI-P3 colour gamut
• Octa Core Snapdragon 888 5nm Mobile Platform with Adreno 660 GPU
• 8GB LPDDR5 RAM with 128GB (UFS 3.1) storage / 12GB LPDDR5 RAM with 256GB (UFS 3.1) storage
• Android 11 with realme UI 2.0
• Dual SIM (nano + nano)
• 64MP camera with f/1.8 aperture, LED flash, Sony IMX682 sensor, 8MP 119° ultra-wide sensor with f/2.3 aperture, 2MP macro camera with f/2.4 aperture
• 16MP front-facing camera with f/2.5 aperture
• In-display fingerprint sensor
• 3.5mm audio jack, Stereo speakers, Dolby Atmos, Hi-Res Audio,
• Dimensions: 158.5 x 73.3x 8.4mm (glass) / 9.1mm (leather) ; Weight:186g (glass) / 186.5g (leather)
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6e 802.11 ax, Bluetooth 5.2,GPS/GLONASS, USB Type-C
• 4500mAh (Typical) battery with 65W Super Dart flash charging

realme GT 5G ရဲ့ 8/128GB ကို ၂,၇၉၉ ယွမ်နဲ့ 12/256GB ကို ၃,၂၉၉ ယွမ် သတ်မှတ်ထားပြီး ၆ သိန်းနဲ့ ၇ သိန်း ၁ သောင်းခွဲလောက် ကျသင့်ပါတယ်။ တရုတ်မှာ ၁၀ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: