120Hz မျက်နှာပြင်နဲ့ Snapdragon 732G ပါတဲ့ Redmi Note 10 Pro နဲ့ Note 10 Pro Max ကို ကြေညာ

Xiaomi က အိန္ဒိယမှာ စွမ်းရည်သင့် Redmi Note 10 Pro နဲ့ Note 10 Pro Max ကို ကြေညာလိုက်ပါတယ်။ သူတို့မှာ ၆.၆၇ လက်မ Full HD+ AMOLED မျက်နှာပြင်၊ 120Hz Refresh Rate ၊ 240Hz Touch Sampling Rate တွေ ထည့်သွင်းထားပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ 16MP Punch Hole ကင်မရာ ပါလာပြီး Snapdragon 732G Chipset မောင်းနှင်ထားပါတယ်။ Android 11 အခြေပြု MIUI 12 ထည့်သွင်းထားပြီး MIUI 12.5 ကို မကြာခင် ရမှာပါ။

Note 10 Pro Max မှာ 108MP Samsung HM2 Sensor ပါလာပြီး ISOCELL Plus နဲ့ Smart ISO လုပ်ဆောင်ချက်တွေ ထောက်ပံ့ထားပါတယ်။ Redmi Note 10 Pro မှာ 64MP Samsung ISOCELL GW3 Main ထည့်သွင်းထားပါတယ်။ ကျန် ကင်မရာတွေက ဖုန်း ၂ လုံးစလုံးမှာ တူညီပြီး 8MP Ultrawide, 2MP Portrait နဲ့ 5MP Telemacro Zoom တွေ ဖြစ်ပါတယ်။

၂ လုံးစလုံးမှာ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။ IP52 ရေစိုခံစံနှုန်းနဲ့ 33W Fast Charging ထောက်ပံ့တဲ့ 5,020mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

Redmi Note 10 Pro and Note 10 Pro Max specifications

• 6.67-inch (1080 × 2400 pixels) Full HD+ 20:9 AMOLED screen with 120Hz refresh rate, HDR10+, up to 1200 nits brightness, 100% DCI-P3 color gamut, Corning Gorilla Glass 5 protection
• Octa Core (2.3GHz Dual + 1.8GHz Hexa Kryo 470 CPUs) Snapdragon 732G 8nm Mobile Platform with Adreno 618 GPU
• 6GB LPDDR4X RAM with 64GB (UFS 2.2) storage, 6GB / 8GB LPDDR4X RAM with 128GB (UFS 2.2) storage, expandable memory up to 512GB with microSD
• Android 11 with MIUI 12, upgradable to MIUI 12.5
• Dual SIM (nano + nano + microSD)
• Redmi Note 10 Pro – 64MP rear camera with Samsung ISOCELL GW3 sensor, LED Flash, 8MP 120° ultra-wide sensor, 2MP depth and 5MP telemacro camera
• Redmi Note 10 Pro Max – 108MP rear camera with 1/1.52″ Samsung HM2 sensor with 0.7μm pixel size, LED Flash, 8MP 120° ultra-wide sensor, 2MP depth and 5MP telemacro camera
• 16MP front-facing camera
• Side-mounted fingerprint sensor, IR sensor
• 3.5mm audio jack, Stereo speakers, Hi-Res audio
• Water resistant (IP52)
• Dimensions: 164.5×76.15×8.1mm;Weight: 192g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz, Bluetooth 5, GPS/GLONASS/Beidou, USB Type-C
• 5020mAh (Typical) battery with 33W fast charging

Redmi Note 10 Pro နဲ့ Note 10 Pro Max ၂ လုံးစလုံးအတွက် Vintage Bronze, Glacial Blue နဲ့ Dark Night အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Redmi Note 10 Pro ရဲ့ 6/64GB , 6/128GB နဲ့ 8/128GB ကို ၁၅,၉၉၉ , ၁၆,၉၉၉ နဲ့ ၁၈,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၃ သိန်း ၊ ၃ သိန်း ၃ သောင်းနဲ့ ၃ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။ မတ်လ ၁၇ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Redmi Note 10 Pro Max ရဲ့ 6/64GB , 6/128GB , 8/128GB ကို ၁၈,၉၉၉ , ၁၉,၉၉၉ နဲ့ ၂၁,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၃ သိန်း ၇ သောင်း၊ ၃ သိန်း ၉ သောင်းနဲ့ ၄ သိန်း ၂ သောင်းလောက်ကျသင့်မှာပါ။ ဒီလ ၁၈ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: