Snapdragon 678 နဲ့ 48MP ကင်မရာ ပါတဲ့ Redmi Note 10 ကို ကြေညာ

Xiaomi က အိန္ဒိယမှာ စွမ်းရည်သင့် Redmi စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Redmi Note 10 လို့ နာမည်ပေးထားပြီး ၆.၄၃ လက်မ Full HD+ AMOLED မျက်နှာပြင် ပါလာပါတယ်။ Gorilla Glass 3 နဲ့မျက်နှာပြင်ကို ကာကွယ်ထားပြီး 13MP Punch Hole ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ Snapdragon 678 SoC မောင်းနှင်ထားပြီး Android 11 အခြေပြု MIUI 12 ပါလာပါတယ်။

အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Portrait ကင်မရာ ၄ လုံးနဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ IP52 ရေစိုခံ စံနှုန်း ပါလာပြီး 33W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။

Redmi Note 10 specifications

• 6.43-inch (1080 × 2400 pixels) Full HD+ 20:9 AMOLED screen with up to 1100 nits brightness, 100% DCI-P3 color gamut, Corning Gorilla Glass 3 protection
• 2.2GHz Octa-Core Snapdragon 678 64-bit 11nm Mobile Platform with Adreno 612 GPU
• 4GB LPDDR4X RAM with 64GB (UFS 2.2) storage / 6GB LPDDR4X RAM with 128GB (UFS 2.2) storage, expandable memory up to 512GB with microSD
• Android 11 with MIUI 12, upgradable to MIUI 12.5
• Dual SIM (nano + nano + microSD)
• 48MP rear camera with 1/2″ Sony IMX582 sensor, 0.8μm pixel size, LED Flash, 8MP 118° ultra-wide sensor, 2MP depth and 2MP macro camera
• 13MP front-facing camera
• Side-mounted fingerprint sensor, IR sensor
• 3.5mm audio jack, Stereo speakers, Hi-Res audio
• Water resistant (IP52)
• Dimensions: 160.46×74.5×8.3mm;Weight: 178.8g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.0, GPS, USB Type-C
• 5000mAh (Typical) battery with 33W fast charging

Redmi Note 10 အတွက် Frost White , Aqua Green နဲ့ Shadow Black ၃ ရောင် ထုတ်လုပ်ထားပြီး 4/64GB နဲ့ 6/128GB ကို ၁၁,၉၉၉ ရူပီးနဲ့ ၁၃,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၂ သိန်း ၃ သောင်းနဲ့ ၂ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်ပြီး အိန္ဒိယမှာ မတ်လ ၁၆ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: