အကြမ်းခံတဲ့ Samsung Galaxy XCover 5 ကို ကြေညာပြီ

Samsung က စက်ရုံ ၊ အလုပ်ရုံလို ကြမ်းတမ်းတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်သူတွေအတွက် အကြမ်းခံတဲ့ Galaxy XCover 5 စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ကြေညာခဲ့တဲ့ Galaxy S7 Active ပြီးနောက် ဒါဟာ Samsung ရဲ့ ပထမဆုံး အကြမ်းခံတဲ့ စမတ်ဖုန်း ဖြစ်လာပါတယ်။

Galaxy XCover 5 ရဲ့ အပြင်ဘက် ကိုယ်ထည်ဟာ တုန်ခါမှုကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားပြီး အမြင့် ၁.၅ မီတာကနေ အောက်ပြုတ်ကျတာကို ခံနိုင်ပါတယ်။ IP68 စံနှုန်းရှိတဲ့အတွက် ရေအနက် ၁ မီတာအထိ မိနစ် ၃၀ ကြာ ယူဆောင် အသုံးပြုနိုင်ပါတယ်။ လက်အိတ် ဝတ်ကာ သုံးလို့ရတဲ့ Glove Touch လုပ်ဆောင်ချက်ကို မျက်နှာပြင်မှာ ထည့်သွင်းထားတဲ့အတွက် လုပ်ငန်းခွင်မှာ လက်အိတ်ဝတ်ဆင်ရသူတွေအတွက် အသုံးဝင်ပါတယ်။

Exynos 850 Processor , 4GB RAM , 64GB Storage ပါလာပြီး ဖြုတ်လဲနိုင်တဲ့ 3,000mAh ဘက်ထရီ တပ်ထားပါတယ်။ အနောက်ဘက်မှာ 16MP ကင်မရာနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံးစီပဲ ထည့်သွင်းထားပါတယ်။

Samsung Galaxy XCover 5 specifications

• 5.3-inch (1480 x 720 pixels) HD+ LCD screen, Wet Touch, Glove Mode, Corning Gorilla Glass 6 protection
• Exynos 850 Octa-Core (2GHz Quad + 2GHz Quad) 8nm processor with Mali-G52
• 4GB RAM, 64GB storage, expandable up to 512GB via micro SD card
• Android 11 with Samsung One UI 3.1
• Dual SIM (nano + nano + microSD)
• 16MP rear camera with f/1.8 aperture, LED flash
• 5MP front camera with f/2.2 aperture
• Water and dust resistant (IP68), US Military Standard MIL-STD 810G
• Dimensions: 147.1 x 71.6 x 9.2 mm; Weight: 172g
• 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5.0, GPS + GLONASS, USB Type-C
• 3000mAh removable battery with 15W fast charging

Galaxy XCover 5 ကို မတ်လ ၁၂ ရက်နေ့ ဗြိတိန်မှာ ရောင်းမှာ ဖြစ်ပြီး ၃၂၉ စတာလင်ပေါင် သတ်မှတ်ထားပါတယ်။ ၆ သိန်း ၄ သောင်းလောက် တန်ကြေးရှိပါတယ်။

Ref : fonearena

%d bloggers like this: