SD888 ပါတဲ့ OPPO Find X3 Pro ကို ၁၁ ရက်နေ့ ကြေညာမည်

OPPO က Find X3 Series ကို ဒီလ ၁၁ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ Find X3 , Find X3 Pro နဲ့ Find X3 Lite တို့ကို ချပြမယ်လို့ ထင်ရပြီး Find X3 Pro ရဲ့ ဓါတ်ပုံတွေ ဇန်နဝါရီလက ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ဖုံးအုပ်ထားပြီး အနောက်ကင်မရာ ဒီဇိုင်းက ဆန်းသစ်ပါတယ်။

သူ့မှာ 65W Fast Charging ပါလာနိုင်ပြီး အားသွင်းနှုန်းဟာ အရင်မျိုးဆက်ထက် ၂၀ ရာခိုင်နှုန်း ပိုမြန်မယ်လို့ သိရပါတယ်။ OPPO က နောက်ထုတ်မယ့် Find X ဖုန်း အသစ်မှာ Snapdragon 888 Chipset ပါမယ်လို့ သတင်းပေးထားပြီး အဲဒီဖုန်းဟာ OPPO Find X3 Pro ဆိုတာ သေချာပါတယ်။ မကြာခင်က သူ့ရဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူ့မှာ ၆.၇ လက်မ Quad HD+ OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ 50MP Sony IMX766 Sensor , 13MP Telephoto နဲ့ 3MP Macro ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး 25x Zoom ထောက်ပံ့ထားမှာပါ။

အထူက ၈ မီလီမီတာရှိမှာ ဖြစ်ပြီး အလေးချိန်က ၁၉၀ ဂရမ်လောက် ရှိမှာပါ။ 65W SuperVOOC 2.0 နဲ့ 30W VOOC Air Wireless Charging ပါတဲ့ 4500mAh ဘက်ထရီ ထည့်ထားမှာပါ။

OPPO Find X3 Pro rumoured specifications

• 6.7-inch ( 1440 x 3216 pixels) Quad HD+ OLED 20.1:9 display with HDR10+, 10Hz-120Hz adaptive refresh rate, 525PPI, end-to-end 10-bit color support
• 2.84GHz Octa-Core Snapdragon 888 5nm Mobile Platform with Adreno 660 GPU
• Android 11 with ColorOS 11
• Dual SIM (nano + nano)
• 50MP camera with Sony IMX766 sensor, OIS, 50MP 120° ultra-wide Sony IMX766 sensor,13MP telephoto camera, OIS, 3MP macro camera
• In-display fingerprint sensor
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax, Bluetooth 5.2, GPS/GLONASS, dual-antenna NFC, USB Type-C
• 4500mAh (Typical) battery with 65W SuperVOOC 2.0 flash charge, 30W VOOC Air wireless charging

OPPO Find X3 Pro အတွက် အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ အဖြူရောင် ထွက်လာနိုင်ပါတယ်။

Ref : fonearena

%d bloggers like this: