Huawei က Kirin 990 နဲ့ 50MP ကင်မရာ ပါတဲ့ P40 4G ကို ကြေညာ

Huawei က 5G ပါတဲ့ P40 Series ကို ကြေညာအပြီး ၁ နှစ်နီးပါး အကြာမျာ P40 4G Version ကို ချပြလိုက်ပါတယ်။ သူ့မှာ Kirin 990 4G SoC ပါတာကလွဲပြီး ကျန်အစိတ်အပိုင်း အားလုံးက 5G Version နဲ့ တူညီကြပါတယ်။ ၆.၁ လက်မ FHD+ Flex OLED မျက်နှာပြင် တပ်ဆင်ထားပြီး Android 10 အခြေပြု EMUI 10.1 ပါလာပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်ထားပြီး အနောက်ဘက်မှာ 50MP Ultra Vision , 16MP Ultra-wide နဲ့ 8MP Telephoto ကင်မရာ ၃ လုံး ပါလာပါတယ်။

32MP AF ကင်မရာနဲ့ IR Depth ကင်မရာတွေက Autofocus, Bokeh ကို ထောက်ပံ့သလို Low Light မှာတောင် ဖုန်းကို Unlock လုပ်ပေးနိုင်တဲ့ IR Face Unlock ပါပါတယ်။ 22.5W SuperCharge ပါတဲ့ 3800mAh ဘက်ထရီ ထည့်ထားပါတယ်။

HUAWEI P40 4G specifications

• 6.1-inch (2340 x 1080 Pixels) FHD+ OLED display
• HUAWEI Kirin 990 4G (2 x Cortex-A76 Based 2.86 GHz + 2 x Cortex-A76 Based 2.36 GHz + 4 x Cortex-A55 1.95 GHz) processor with ARM Mali-G76MP16 GPU, Dual Big Core + Tiny Core NPUs(Neural-network Processing Unit)
• 8GB RAM, 128GB storage, expandable memory up to 256GB with NM card
• Android 10 with EMUI 10.1
• Dual SIM (nano SIM + eSIM)
• 50MP RYYB Ultra Vision camera with f/1.9 aperture, 16MP ultra-wide camera with f/2.2 aperture, 2.5cm macro, 8MP telephoto camera with 3x optical zoom, dual-tone LED flash
• 32MP front camera with f/2.2 aperture, IR Camera for Face unlock, 4k video recording
• In-display fingerprint sensor
• Water, dust resistant (IP53)
• USB Type-C Audio
• Dimensions: 148.3×71.6×8.5mm; Weight: 175g
• Dual 4G VoLTE, Wi-Fi 802.11 ax (2.4GHz and 5GHz), Bluetooth 5.1 LE, GPS (L1 + L5 dual band), NavIC, NFC, USB 3.1 Type-C (GEN1)
• 3800mAh (typical) battery with 22.5W SuperCharge

Huawei P40 4G အတွက် Dark Blue နဲ့ Frost Silver ၂ ရောင် ထုတ်လုပ်ထားပြီး ၃,၉၈၈ ယွမ် သတ်မှတ်ထားပါတယ်။ ၈ သိန်း ၇ သောင်းလောက်ကျသင့်ပြီး တရုတ်မှာ မကြာခင် ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: