Huawei P50 Series မှာ Sony 1” IMX800 Sensor ကို ပထမဆုံး သုံးထားနိုင်

RODENT950 က ဖုန်းတွေအတွက် အထူး ဖန်တီးထားတဲ့ ပထမဆုံး 1” Sensor မကြာခင် လာတော့မယ်လို့ သတင်းပေးလိုက်ပြီး စွမ်းရည်မြင့် Huawei P50 Series တွေမှာ ပထမဆုံး သုံးထားနိုင်ပါတယ်။ အဲဒီ Sensor ဟာ Sony IMX800 ဖြစ်ပြီး ဧပြီလမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

P Series ဖုန်းတွေ အနေနဲ့ RODENT950 ဟာ အနောက်ကင်မရာ ၃ လုံး ပါမယ်လို့ သတင်းပေးထားပါတယ်။ P50 Pro+ မှာ Wide , Ultrawide , Tele နဲ့ Periscope Lenses တွေ အပြင် 3D ToF Sensor ပါလာမယ်လို့ ထင်ရပါတယ်။

သူ့အောက်မှာ P50 Pro ပါလာမှာ ဖြစ်ပြီး Periscope ထည့်ထားမှာ ဖြစ်ပေမယ့် စွမ်းရည်သင့် Tele Lens နဲ့ ToF Sensor ဖြုတ်ထားမှာပါ။ ရိုးရိုး P50 မှာ Standard Wide + Ultra Wide + Tele Configuration ကို သုံးထားမှာပါ။

ဇန်နဝါရီလကတော့ P50 Pro မှာ 120Hz နဲ့ P50 မှာ 90Hz Refresh Rate ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ Kirin 9000e နဲ့ Kirin 9000 Chip တွေ အသီးသီး ပါလာနိုင်ပါတယ်။ ဒါ့အပြင် P50 Series အနောက်ဘက်က Binocular Zoom ဟာ အဆ ၂၀၀ အထိ ထောက်ပံ့ပေးမှာ ဖြစ်ပြီး မျက်နှာပြင် အရည်အသွေးဟာ Xiaomi Mi 11 နဲ့ ရင်ဘောင်တန်းနိုင်မယ်လို့ သိရပါတယ်။ P50 မှာ 66W Wired Fast Charging နဲ့ 50W Wireless Fast Charging တွေ ထည့်သွင်းထားနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

Huawei ဟာ P Series စမတ်ဖုန်းတွေကို ပထမ ၃ လအတွင်း ကြေညာလေ့ရှိပါတယ်။ အဲဒီအတိုင်းပဲ P50 Series တွေကိုလည်း နောက်လမှာ ချပြနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: