Samsung ဟာ ဒီနှစ် အစောပိုင်းမှာ Galaxy A32 5G ကို ကြေညာခဲ့ပြီး အခုတော့ 5G မရသေးတဲ့နိုင်ငံတွေအတွက် 4G Version ကိုချပြလိုက်ပါတယ်။ Galaxy A32 လို့ပဲ နာမည်ပေးထားပြီး ရုရှားမှာ ရောင်းပေးလိုက်ပါပြီ။
အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ အဓိက ကွာခြားချက်က 4G မှာ Helio G80 Chipset နဲ့ 5G မှာ Dimensdity 720 Chipset ထည့်ထားတာပါ။ ဒါ့အပြင် 4G မှာ မျက်နှာပြင် အသစ် ၊ ပိုကောင်းတဲ့ ပင်မ ကင်မရာနဲ့ ပိုမိုက်တဲ့ ဆဲလ်ဖီး ကင်မရာတွေနဲ့ အဆင့်မြှင့်ထားပါတယ်။
Galaxy A32 မှာ ၆.၄ လက်မ Super AMOLED Infinity-U မျက်နှာပြင် ပါလာပြီး Full HD+ Resolution ဖြစ်ပါတယ်။ အရွယ်သေး Notch မှာ 20MP ဆဲလ်ဖီး ကင်မရာ ပါလာပြီး Autofocus တော့ မပါပါဘူး။ လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။
အနောက်ဘက်မှာ 64MP ပင်မ ကင်မရာပါလာပြီး 5G မှာတော့ 48MP ပဲ ထည့်ထားတာပါ။ ကျန် ၃ လုံးက တူညီကြပြီး 8MP Ultrawide , 5MP Depth , 5MP Macro ကင်မရာတွေ ဖြစ်ပါတယ်။ ဘက်ထရီက 5,000mAh ဖြစ်ပြီး 15W Fast Charging ထောက်ပံ့ထားပါတယ်။ USB-C Port နဲ့ Android 11 အခြေပြု One UI 3.1 ထည့်သွင်းထားပါတယ်။
4/64GB နဲ့ 4/128GB ၂ မျိုး ထုတ်လုပ်ထားပြီး ၂၆၈ နဲ့ ၂၉၅ ဒေါ်လာ အသီးသီး သတ်မှတ်ထားကာ ၃ သိန်း ၈ သောင်းနဲ့ ၄ သိန်း ၁ သောင်းခွဲလောက် ကျသင့်မှာပါ။ Awesome Violet , Awesome Black နဲ့ Awesome Blue ၃ ရောင် ထုတ်လုပ်ထားပါတယ်။
Ref : gsmarena