0 Shares 75 Views

Samsung က လက်ကောက်ဝတ်နဲ့ ရင်ဘတ် ၊ ၂ နေရာမှာ ၀တ်ဆင်ရမယ့် Fitness Tracker အသစ် ကိုထုတ်လုပ်ဖွယ်ရှိ

Jan 20, 2016
0 75

Samsung next device

 

Samsung က ထုတ်လုပ်မယ့် Fitness ခြေရာခံ ကိရိယာ အသစ်ဟာ သင့်ခန္ဓာကိုယ်ရဲ့  လက်ကောက်ဝတ်နဲ့ ရင်ဘတ် ၊ ၂ နေရာတို့မှာ ၀တ်ဆင်ရမယ့်ပုံပါပဲ။ ရင္ဘတ္မွာ ၀တ္ဆင္ရမယ္ဆိုတာဟာ အက်ီၤေပၚမွာ၀တ္ဆင္ရမွာကိုဆိုလုိတာပါ။ ထိုကိရိယာ ကိုတော့ SM-R150 လို့သာ သိထားရပြီး ထိုကိရိယာရဲ့ ပုံပန်းသဏ္ဍာန်ဟာ Samsung ရဲ့ Gear S2 စမတ်နာရီနဲ့ ဆင်တူနေပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ အပိုင်းကတော့ အကျီင်္ပေါ်မှာဝတ်ဆင်ရမယ့် အ၀ိုင်းသဏ္ဍာန် ကိရိယာလေးဟာ ဘာကိုခြေရာခံဖို့ အတွက်လဲ ဆိုတာပါပဲ။ ဒါဟာ နှလုံးခုန်နှုန်းကို ခြေရာခံဖို့အတွက်လား။လက်ကောက်ဝတ်မှာပဲ နှလုံးခုန်နှုန်းတိုင်းတာခြင်းဟာလည်း အဆင်ပြေနေပါသေးတယ်။ ဖြစ်နိုင်ချေ ရှိတာကတော့ လက်ကောက်ဝတ်မှာ နှလုံးခုန်နှုန်းတိုင်းတာခြင်းဟာ ရင်ဘတ်နားမှာ နှလုံးခုန်နှုန်းတိုင်းတာခြင်းလောက် တိကျမှု မရှိတာကြောင့် အပြေးသမား တွေအတွက် အဆင်မပြေဖြစ်ခဲ့တာကို ပြင်ဆင်ပြီး ထုတ်လုပ်ထားတာဖြစ်နိုင်ပါတယ်။

လက်ရှိမှာတော့ ဒီကိရိယာတွေဟာ ကောလာဟလ အဖြစ်သာ သတင်းထွက်ရှိလာတာဖြစ်ပြီး အတိအကျသိရဖို့အတွက်ကတော့ Samsung ရဲ့ တရားဝင်ထုတ်ပြန်ချက်ကို စောင့်ဆိုင်းဖို့ပဲ ရှိပါတယ်။ မိုဘိုင်းလ်ကမ္ဘာညီလာခံ (MWC) ထုတ်ဖော်ဖွယ်ရှိနေပါတယ်။ ဒါ့အပြင် ထို ညီလာခံမှာပဲ အစောကတည်းက သတင်းထွက်နှင့်နေတဲ့ Galaxy S7 ၊ S7 Edge နဲ့ S7 Edge+ တို့ကိုလည်း ထုတ်ဖော်ကြေညာသွားဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref : The Verge

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
137 shares47 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Most from this category