realme က 108MP ကင်မရာ နည်းပညာကို မတ်လ ၂ ရက်နေ့ ပြသမည်

realme ဟာ ၂၀၁၉ စက်တင်ဘာလမှာ 64MP ကင်မရာ ပါတဲ့ သူ့ရဲ့ ပထမဆုံး စမတ်ဖုန်းကို ကြေညာခဲ့ပါတယ်။ အခုတော့ realme ဟာ မတ်လ ၂ ရက်နေ့မှာ Camera Innovation Event ကို ကျင်းပမှာ ဖြစ်ပြီး 108MP ကင်မရာ နည်းပညာကို ပြသတော့မှာပါ။

realme ဟာ ၂၀၁၉ ဩဂုတ်လမှာ ပထမဆုံး Camera Innovation Event ကို ကျင်းပခဲ့ပြီး သူ့ရဲ့ 64MP ကင်မရာကို ပြသခဲ့ပါတယ်။ မတ်လ ၂ ရက်နေ့ ပွဲကို realme Global Facebook Page နဲ့ YouTube Channel တို့ကနေ ပြသမှာပါ။

realme ရဲ့ 108MP ကင်မရာ နည်းပညာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လက်ရှိမှာ မသိရသေးပါဘူး။ ဒါပေမယ့် realme India & Europe ရဲ့ စီအီးအို Madhav Sheth မျှဝေထားတဲ့ Teaser အရ realme 8 Series မှာ အဲဒီ 108MP ကင်မရာ ပါတဲ့ ပထမဆုံး ဖုန်းတွေဖြစ်လာနိုင်ပါတယ်။

ပိုစတာအရ realme 8 Series ရဲ့ အနောက်ဘက်မှာ 108MP Main ကင်မရာနဲ့အတူ အပို ကင်မရာ ၃ လုံးပါလာမှာပါ။ ၁ လုံးက Ultrawide နဲ့ ကျန် ၂ လုံးက Macro , Depth တွေ ဖြစ်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: