OPPO A54 5G ကို ဂျပန်မှာ တွေ့လာရပြီ

OPPO ဟာ ဈေးချိုတဲ့ 5G စမတ်ဖုန်းများစွာ ထုတ်လုပ်ရောင်းချဖို့ စီစဉ်ထားပြီး အခုတော့ OPPO A54 5G ရဲ့ သတင်းအချက်အလက်တွေ စတင် ထွက်ပေါ်လာပါပြီ။ သူ့ကို ဂျပန် Carrier AU မှာ စာရင်းတင်ထားပြီး ဒီဇိုင်းက ကြေညာထားပြီးသား OPPO A93 5G နဲ့ တော်တော်တူပါတယ်။

အဓိက ကွာခြားချက်က A93 5G မှာ အနောက်ကင်မရာ ၃ လုံးနဲ့ A54 5G မှာ ၄ လုံး ထည့်သွင်းထားတာပါ။ ကင်မရာ ဒီဇိုင်းက တော်တော်တူပါတယ်။

OPPO A54 5G မှာ 48MP Main , 2MP Macro , 2MP Depth , 8MP Ultrawide ကင်မရာ ၄ လုံး ပါလာပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ A93 5G မှာလိုပဲ သူ့မှာ Snapdragon 480 Chipset ထည့်ထားပါတယ်။ A54 5G မှာ ၆.၅ လက်မ 1080x2400p LCD မျက်နှာပြင် ပါလာပြီး ဘက်ထရီက 5,000mAh ဖြစ်ပါတယ်။ အဲဒီ Specs တွေက A93 5G နဲ့တူပေမယ့် A54 5G မှာ 90Hz Refresh Rate မပါလာပါဘူး။

A54 မှာ 4GB RAM , 64GB Storage ထည့်သွင်းထားပြီး Andoid 11 အခြေပြု ColorOS 11 ပါလာပါတယ်။ ဇွန်လ ဂျပန်မှာ ရောင်းမှာ ဖြစ်ပြီး ခရမ်းနဲ့ အနက်ရောင်တွေ ရောင်းနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: