ဘက်ထရီ သက်တမ်း နာရီ ၃၀ ခံတဲ့ Redmi AirDots 3 ကို ကြေညာပြီ

Redmi K40 Series နဲ့အတူ Redmi က AirDots 3 ကို ကြေညာလိုက်ပါတယ်။ တန်ဖိုးနည်း နားကြပ် ဖြစ်ပြီး QCC3040 Chipset နဲ့ နောက်ဆုံးပေါ် Bluetooth 5.2 တွေ ထောက်ပံ့ထားပါတယ်။ ဂိမ်းကစားတဲ့ လူတွေအတွက် အသံနောက်ကျတာကို နည်းပါးစေသလို အသံအရည်အသွေး ကောင်းမွန်စေတဲ့ aptX Adaptive Codec ထောက်ပံ့ထားပါတယ်။

၁ ခါအားသွင်းထားရင် ၇ နာရီကြာ သီချင်းနားဆင်နိုင်ပြီး Charging Case က 600mAh ဘက်ထရီနဲ့ ပေါင်းလိုက်ရင် နာရီ ၃၀ အသုံးပြုနိုင်ပါတယ်။ နားကြပ်မှာ ဘက်စုံသုံး Touch Control ၊ နားကြပ်တပ်တာ ၊ ဖြုတ်တာကို သိနားလည်ကာ သီချင်း အလိုလို ဖွင့်တာ ၊ ပိတ်တာလုပ်ပေးတဲ့ Smart Wear Detection လုပ်ဆောင်ချက်တွေ ပါလာပါတယ်။

Redmi AirDots 3 specifications

• Bluetooth 5.2 connectivity with Qualcomm QCC3040 chip, aptX enable low-latency for gaming
• Two high resolution sound units for high frequency and low frequency offer true to nature balanced sound
• Touch controls for music playback and launch voice assistant (Siri / Google Voice)
• Smart wear detection for autoplay and pause
• Dimensions Headphones: 28×16×21mm; Weight: 4.6g (Each)
• Dimensions Case: 65×42×32mm; Weight: 51g
• Water resistant (IPX4)
• 43mAh battery on the headset offer 7 hours of battery life on a single charge, 600mAh battery on the charging case offers 30 hours of backup

Redmi AirDots 3 အတွက် အပြာ၊ အဖြူနဲ့ ပန်းရောင် ထုတ်လုပ်ထားပြီး ၁၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄ သောင်း ၃ ထောင်လောက် ကျသင့်မှာ ဖြစ်ပြီး တရုတ်မှာ မတ်လ ၄ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: