Samsung Galaxy M62 ကို ထိုင်းမှာ မှတ်ပုံတင်ထားပြီ

အိန္ဒိယမှာ မကြာခင်က Galaxy F62 ကို ကြေညာခဲ့ပြီး သူ့ကို တခြားနိုင်ငံတွေမှာ Galaxy M62 အမည်နဲ့ ပွဲထုတ်မှာပါ။ အခုတော့ Galaxy M62 ကို ထိုင်းက Samsung ဝက်ဘ်ဆိုက်မှာ တွေ့လာရပြီ ဖြစ်ပါတယ်။ ထိုင်းနဲ့ မလေးရှားမှာ မတ်လ ၃ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး မကြေညာခင်မှာ Product Page ကို လွှင့်တင်ထားပါတယ်။

အပြာ၊ အနက်နဲ့ အစိမ်းရောင် ထုတ်လုပ်ထားပြီး ၆.၇ လက်မ Super AMOLED Full HD မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Exynos 9825 Chipset နဲ့ 8GB RAM ပါလာပြီး 64MP Main အပါအဝင် အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

သူ့ရဲ့ အမိုက်ဆုံး အစိတ်အပိုင်းက 7,000mAh ဘက်ထရီ ဖြစ်ပြီး 25W Charging ထောက်ပံ့ထားပါတယ်။ တခြား ဖုန်းတွေကို အားသွင်းပေးနိုင်တာကလည်း မိုက်ပါတယ်။ 8GB RAM / 256GB Storage ထည့်သွင်းထားပြီး အပြာ၊ အနက်နဲ့ အစိမ်းရောင် ထုတ်လုပ်ထားပါတယ်။

Samsung က Galaxy M62 ကို ဘယ်ဈေးနဲ့ ရောင်းမလဲ ဆိုတာ မသိရသေးပါဘူး။ Galaxy F62 ကို အိန္ဒိယမှာ 6/128GB ကို ၂၃,၉၉၉ နဲ့ 8/128GB ကို ၂၅,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၄ သိန်း ၆ သောင်းနဲ့ ၅ သိန်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena

%d bloggers like this: