SD888 ပါတဲ့ realme GT 5G ကို ၄၆၅ ဒေါ်လာအောက်နဲ့ ရောင်းမှာ သေချာပြီ

realme ဟာ မတ်လ ၄ ရက်နေ့မှာ GT ဖုန်းကို ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ ဒုတိယ ဥက္ကဌ Xu Qi Chase က သူ့ကို ၄၆၅ ဒေါ်လာအောက်နဲ့ ရောင်းမယ်လို့ ဝီဘိုမှာ သတင်းပေးလိုက်တဲ့အတွက် မြန်မာငွေ ၆ သိန်းခွဲအောက် ကျသင့်နိုင်ပါတယ်။ ဒါ့အပြင် သူက Samsung ထုတ်တဲ့ 120Hz AMOLED မျက်နှာပြင်နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာမယ်လို့ အတည်ပြုလိုက်ပါတယ်။

သူက LPDDR5 RAM နဲ့ UFS 3.1 Storage ပါလာမှာ ဖြစ်ပြီး ပမာဏတွေကိုတော့ သူက မပြောသေးပါဘူး။ အရင်က ပေါက်ကြားသတင်းအရ realme GT 5G ရဲ့ လျှို့ဝှက်နာမည်ဟာ realme Race ဖြစ်ပြီး Snapdragon 888 Chipset , 12GB LPDDR5 RAM နဲ့ 256GB UFS 3.1 Storage တွေ ထည့်သွင်းထားနိုင်ပါတယ်။

မကြာခင်က ဝီဘိုမှာ တရားဝင် ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ သူ့အတွက် အဝါရောင် သားရေ မော်ဒယ် အပြင် အပြာရောင်ကိုပါ ထုတ်လုပ်ပေးထားမှာပါ။ အနောက်ဘက်မှာ 64MP အပါအဝင် ကင်မရာ ၃ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး 65W Charging ပါလာနိုင်ပါတယ်။

ထူးခြားတာက တခြား ကုမ္ပဏီတွေရဲ့ စွမ်းရည်မြင့် ဖုန်းတွေမှာ မသုံးတော့တဲ့ 3.5mm Audio Jack ကို ထည့်ထားတာပါ။ realme GT ရဲ့ အရှေ့ဘက် ဒီဇိုင်းကို အခု ဓါတ်ပုံတွေမှာ မတွေ့ရသေးပါဘူး။ အနောက်ဘက်နဲ့ ပါဝါ ခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ မပါတဲ့အတွက် မျက်နှာပြင်အောက်မှာ မြှပ်နှံထားနိုင်ပြီး အောက်ခြေမှာ စပီကာ၊ USB-C Port တွေ ပါလာမှာပါ။ မတ်လ ၄ ရက်နေ့ တရုတ်မှာ ကြေညာပြီးနောက် သိပ်မကြာခင် နိုင်ငံတကာမှာ ရောင်းနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: