Gaming စမတ်ဖုန်းလောက် စွမ်းရည်မြင့်မယ့် Redmi K40

Xiaomi ဟာ Redmi K40 ကို ကြေညာဖို့ နာရီပိုင်းပဲ လိုပါတော့တယ်။ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ သူဟာ အကောင်းဆုံး Gaming ဖုန်းထဲက ၁ လုံး ဖြစ်လာမယ်ဆိုတာ သိလာရပါပြီ။ Redmi အထွေထွေ မန်နေဂျာ Lu Weibing က ဝီဘိုမှာ ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပါတယ်။

Redmi K40 အနည်းဆုံး ၁ လုံးမှာ Snapdragon 888 Chipset နဲ့ 120Hz OLED မျက်နှာပြင် တပ်ဆင်ထားမှာပါ။ Lu Weibing က အခုတော့ Touch Sampling Rate ဟာ 300Hz ရှိမယ်လို့ သတင်းပေးလိုက်တဲ့အတွက် Touch Sampling Rate အမြန်ဆုံး မျက်နှာပြင် ဖြစ်လာမှာပါ။

ဒါ့အပြင် Haptic Feedback ပိုကောင်းဖို့ အဆင့်မြင့် Vibration Motor တပ်ဆင်ထားမှာ ဖြစ်ပြီး Hi-Res Audio နဲ့ Dolby Panoramic Sound ထောက်ပံ့ထားမှာပါ။ Xiaomi က Add-on Shoulder Button ကိုလည်း ထည့်သွင်းပေးဖို့ စီစဉ်နေပြီး ကစားလို့ ကောင်းအောင် သင်ကြိုက်တဲ့ နေရာမှာ ထားနိုင်သလို Functions တွေကို Map လုပ်နိုင်မှာပါ။နောက်ထပ် Accessory ၁ ခုက အနောက်ဘက်မှာ ချိတ်ဆက်ထားနိုင်တဲ့ ပန်ကာ ဖြစ်ပါတယ်။

ရိုးရိုး Redmi K40 မှာ အဲဒီ လုပ်ဆောင်ချက် အားလုံး ပါလာမလား ဆိုတာ မသိရသေးပါဘူး။ ပေါက်ကြားသတင်းအရ Pro မှာ SD888 နဲ့ ရိုးရိုး မော်ဒယ်မှာ SD870 ပါလာမယ်လို့ သိရပါတယ်။ အဲဒီ Accessory အားလုံးဟာ မော်ဒယ် ၂ လုံးစလုံးမှာ အလုပ်လုပ်မှာ ဖြစ်ပြီး Pro မှာပဲ 300+Hz Touch Sampling Rate နဲ့ Audio/Haptic Feedback လုပ်ဆောင်ချက်တွေ ပါလာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: