6,000mAh ဘက်ထရီ ပါတဲ့ realme Narzo 30A ကို ကြေညာပြီ

realme က တန်ဖိုးနည်း Narzo 30A ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး ၆.၅ လက်မ HD+ Mini-drop 20:9 မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Screen-to-body Ratio က 88.7 % ရှိပြီး MediaTek Helio G8 SoC မောင်းနှင်ထားပါတယ်။ Android 10 အခြေပြု realme UI အုပ်ထားပြီး Android 11 အခြေပြု realme UI 2.0 ကို နောက်ပိုင်း ရမှာပါ။ အနောက်ဘက်မှာ 13MP + 2MP Portrait ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။

အနောက်ဘက်ဟာ လက်ဗွေရာ မကျန်စေတဲ့ ဒီဇိုင်း ဖြစ်ပြီး လက်ဗွေရာ ကိရိယာကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ 18W Charging ပါတဲ့ 6,000mAh ဘက်ထရီက သူ့ရဲ့ အမိုက်ဆုံး အစိတ်အပိုင်းပါ။

realme Narzo 30A specifications
• 6.5-inch (1600 x 720 pixels) HD+ 20:9 mini-drop display, up to 570 nits brightness (Sunlight Mode)
• Octa Core MediaTek Helio G85 12nm processor (Dual 2GHz Cortex-A75 + Hexa 2GHz 6x Cortex-A55 CPUs) with up to 1000MHz ARM Mali-G52 2EEMC2 GPU
• 3GB LPDDR4x RAM with 32GB eMMC 5.1 storage / 4GB LPDDR4x RAM with 64GB eMMC 5.1 storage, expandable memory up to 256GB with microSD
• Dual SIM (nano + nano + microSD)
• realme UI based on Android 10
• 13MP rear camera with f/2.2 aperture, LED flash, 1080p 30fps video recording, 2MP B&W Portrait camera with f/2.4 aperture
• 8MP front-facing camera with f/2.0 aperture
• Rear-mounted Fingerprint sensor
• 3.5mm audio jack, FM Radio
• Dimensions: 164.5×75.9×9.8mm; Weight: 207g
• Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/ GLONASS/ Beidou, USB Type-C
• 6000mAh battery with 18W charging

realme Narzo 30A အတွက် Laser Black နဲ့ Laser Blue ၂ ရောင် ထုတ်လုပ်ထားပြီး 3/32GB ကို ၈,၉၉၉ ရူပီးနဲ့ 4/64GB ကို ၉,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၁ သိန်း ၇ သောင်းနဲ့ ၁ သိန်း ၉ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပြီး မတ်လ ၅ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: