realme GT ရဲ့ တရားဝင် ဓါတ်ပုံတွေ ထွက်လာပြီ

realme ဟာ မတ်လ ၄ ရက်နေ့မှာ GT ဖုန်းကို ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ ဝီဘိုမှာ တရားဝင် ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ သူ့အတွက် အဝါရောင် သားရေ မော်ဒယ် အပြင် အပြာရောင်ကိုပါ ထုတ်လုပ်ပေးထားမှာပါ။ အနောက်ဘက်မှာ 64MP အပါအဝင် ကင်မရာ ၃ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

ထူးခြားတာက တခြား ကုမ္ပဏီတွေရဲ့ စွမ်းရည်မြင့် ဖုန်းတွေမှာ မသုံးတော့တဲ့ 3.5mm Audio Jack ကို ထည့်ထားတာပါ။ realme GT ရဲ့ အရှေ့ဘက် ဒီဇိုင်းကို အခု ဓါတ်ပုံတွေမှာ မတွေ့ရသေးပါဘူး။ အနောက်ဘက်နဲ့ ပါဝါ ခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ မပါတဲ့အတွက် မျက်နှာပြင်အောက်မှာ မြှပ်နှံထားနိုင်ပြီး အောက်ခြေမှာ စပီကာ၊ USB-C Port တွေ ပါလာမှာပါ။ 65W Fast Charging ထောက်ပံ့ထားမယ်လို့ သတင်းထွက်နေပါတယ်။

ကုမ္ပဏီက တရုတ် နာမည်ကြီး မင်းသမီး Yang Mi နဲ့ ကြော်ငြာထားတာ ဓါတ်ပုံမှာ မြင်ရပါတယ်။ Forbes China ရဲံ ၂၀၂၀ ခုနှစ် တရုတ်ရဲ့ ထိပ်ဆုံး ဆယ်လီ အယောက် ၁၀၀ စာရင်းမှာ သူမဟာ နံပါတ် ၆ နေရာကို ပိုင်ဆိုင်ထားပါတယ်။


Realme GT 5G ရဲ့ လျှို့ဝှက်နာမည်ဟာ realme Race ဖြစ်ပြီး Snapdragon 888 Chipset , 12GB LPDDR5 RAM နဲ့ 256GB UFS 3.1 Storage တွေ ထည့်သွင်းထားနိုင်ပါတယ်။ မတ်လ ၄ ရက်နေ့ တရုတ်မှာ ကြေညာပြီးနောက် သိပ်မကြာခင် နိုင်ငံတကာမှာ ရောင်းနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: