၁၀ နာရီကြာ အသုံးခံတဲ့ Huawei FreeBuds 4i ANC ကို ကြေညာ

Huawei က FreeBuds 4i True Wireless နားကြပ်ကို ကြေညာလိုက်ပြီး Active Noise Cancellation (ANC) ပါလာပါတယ်။ ဘက်ထရီ သက်တမ်းက ၁၀ နာရီခံတဲ့အတွက် တော်တော်မိုက်ပြီး လုံးဝန်းတဲ့ Case ထည့်ထားပါတယ်။ နားကြပ်တွေဟာ 3D Ergonomic ဒီဇိုင်း ဖြစ်ပြီး နားထဲထည့်သွင်း ဝတ်ဆင်ရမှာပါ။ ပေါ့ပါးတဲ့အတွက် ဝတ်ဆင်ရတာ သက်တောင့်သက်သာရှိပါတယ်။

လူ့အသံကို တိကျစွာ ဖမ်းယူနိုင်တဲ့ Dual မိုက်ကရိုဖုန်း Beamforming နည်းပညာ ပါလာပြီး လေတိုက်သံကို လျှော့ချပေးနိုင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ Ai Neural Network Algorithm က လူ့အသံကနေ ဆူညံသံကို ဖယ်ရှားပေးနိုင်တဲ့အတွက် အသံကြည်လင်ပြတ်သားပါတယ်။ ကားဟွန်းတီးသံလို ပတ်ဝန်းကျင်က အသံတွေကို နားထောင်နိုင်တဲ့ Transparent Mode ကို လျှင်မြန်စွာ ပြောင်းလဲနိုင်ပါတယ်။

HUAWEI FreeBuds 4i specifications

• Bluetooth 5.2 to connect to devices
• 10mm dynamic drivers with polymer composite diaphragm for clear and transparent vocals
• Active noise cancellation, Transparent mode, dual microphone AI call noise reduction
• Double-tap control for Play/Pause music and Answer/End calls, Long Tap for ANC
• Low-latency mode (HUAWEI smartphones /tablets with EMUI 11 and above), Pop-up and pair (HUAWEI smartphones /tablets with EMUI 10 and above)
• Dimensions: 37.5 x 21 x 23.9 mm (per earbud);48 x 61.8 x 27.5 mm (charging case); Weight: 5.5 g (per earbud), 36.5 g (charging case)
• 55mAh battery (per bud) offers up to 10h (7.5h ANC) playback / up to 6.5h (5.5h ANC) on 1 charge, 22h playback with charging case (215mAh battery), 4h listening with 10m charging, USB Type-C

Huawei FreeBuds 4i အတွက် Honey Red , Ceramic White နဲ့ Carbon Black ၃ ရောင် ထုတ်လုပ်ထားပြီး ၄၉၉ ယွမ် သတ်မှတ်ထားကာ မြန်မာငွေ ၁ သိန်းလောက် ရှိပါတယ်။ တရုတ်မှာ မတ်လ ၈ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: