Redmi 9 Power အတွက် 6/128GB မော်ဒယ် ထွက်လာနိုင်

Xiaomi က အိန္ဒိယမှာ Redmi 9 Power ကို ဒီဇင်ဘာလက ကြေညာခဲ့ပြီး သူဟာ Redmi Note 9 4G ကို အိန္ဒိယမှာ နာမည်ပြောင်းရောင်းချတာပါ။ သူ့အတွက် 4/64GB နဲ့ 4/128GB မော်ဒယ် ၂ မျိုး ထုတ်လုပ်ရောင်းချပေးထားပြီး အခုတော့ 6/128GB မော်ဒယ် ထွက်လာတော့မယ်လို့ သတင်းပေါက်ကြားလာပါတယ်။

သူ့ရဲ့ Specs တွေကို ပြန်လည်လေ့လာကြည့်ရအောင်။ သူ့မှာ ၆.၅၃ လက်မ LCD FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ပါလာပါတယ်။ Punch Hole မဟုတ်ဘဲ အရွယ်သေး Notch ပဲ ထည့်ထားပါတယ်။

Snapdragon 662 Chipset မောင်းနှင်ထားပြီး အနောက်ဘက်ကို ပလတ်စတစ်နဲ့ အုပ်ထားပါတယ်။ ဘေးဘက်လက်ဗွေရာကိရိယာနဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီ ပါလာပြီး FHD ဗီဒီယိုတွေ ဖွင့်ရင် ၂၆ နာရီနဲ့ ဂိမ်းကစားရင် ၁၃ နာရီခွဲ အသုံးခံပါတယ်။

Redmi 9 Power specifications

• 6.53-inch (2340 × 1080 pixels) Full HD+ LCD screen with 400 nits brightness, Corning Gorilla Glass 3 protection
• Octa Core Snapdragon 662 11nm Mobile Platform (Quad 2GHz Kryo 260 + Quad 1.8GHz Kryo 260 CPUs) with Adreno 610 GPU
• 4GB LPPDDR4x RAM with 64GB (UFS 2.1) / 128GB (UFS 2.2) storage, expandable memory up to 512GB with microSD
• Dual SIM (nano + nano + microSD)
• Android 10 with MIUI 12
• 48MP rear camera with Samsung GM1 sensor, f/1.79 aperture, LED Flash, 8MP 118° ultra-wide sensor with f/2.2 aperture, 2MP depth sensor and 2MP macro sensor with f/2.4 aperture
• 8MP front camera with f/2.0 aperture
• Side-mounted fingerprint sensor, IR sensor
• 3.5mm audio jack, FM Radio, Stereo speakers
• Splash resistant (P2i coating)
• Dimensions: 162.3×77.3×9.6mm; Weight: 198g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
• 6000mAh (Typical) / 5900mAh (minimum) battery with 18W fast charging

Mighty Black, Fiery Red, Electric Green နဲ့ Blazing Blue အရောင်တွေ ထုတ်လုပ်ထားပြီး 4/64GB ကို ၁၀,၉၉၉ ရူပီးနဲ့ 4/128GB ကို ၁၁,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၂ သိန်းနဲ့ ၂ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

Ref : fonearena

%d bloggers like this: