နာမည်ကျော် Tipster ၁ ယောက် ဖြစ်တဲ့ Ice Universe က Samsung ဟာ Tizen OS မဟုတ်ဘဲ Android Wear OS ထည့်သွင်းထားတဲ့ စမတ်နာရီ ၁ လုံးကို ဖန်တီးနေတယ်လို့ သတင်းပေးလိုက်ပါတယ်။ ဒီသတင်းက သိပ်တော့ မဖြစ်နိုင်ဘူးလို့လည်း ဝေဖန်နေသူတွေ ရှိပါတယ်။ Samsung ဟာ Tizen မဟုတ်ဘဲ Android Wear OS သုံးနေတဲ့ သတင်းတွေကို အရင်ကလည်း ကြားခဲ့ရဖူးပါတယ်။ ၂၀၁၈ ခုနှစ်မှာ Evan Blass က Samsung ဝန်ထမ်း ၁ ယောက်ဟာ Android Wear OS စမတ်နာရီ ဝတ်ဆင်ထားတယ်လို့ သတင်းပေးခဲ့ပါတယ်။
Samsung's new watch will use Android to replace Tizen.
— Ice universe (@UniverseIce) February 19, 2021
ဒါပေမယ့် အဲဒီအချိန်ကတည်းက Samsung ဟာ Tizen စမတ်နာရီတွေပဲ ထုတ်လုပ်ရောင်းချခဲ့ပြီး Android Wear စမတ်နာရီ ၁ လုံးမှ မထွက်လာခဲ့ပါဘူး။ Samsung က Tizen ဟာ Android Wear ထက် ပိုကောင်းတယ်လို့ ယုံကြည်ထားပုံရပါတယ်။ အခုတော့ Samsung ဟာ Tizen OS အစား Android Wear OS ကို မျက်စိကျနေပုံရပါတယ်။
ဖြစ်နိုင်တာက Samsung ဟာ Galaxy Watch3 Seris Tizen စမတ်နာရီတွေနဲ့အတူ Android Wear စမတ်နာရီတွေကိုပါ ပူးတွဲ ထုတ်လုပ်တာပါ။ Android Wear ပါတဲ့ Samsung ရဲ့ နောက်ဆုံးထုတ်က Gear Live ဖြစ်ပြီး ၂၀၁၄ ခုနှစ်က ရောင်းချခဲ့တာပါ။
Ref : gsmarena