Vivo iQOO Neo5 ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

Vivo iQOO Neo5 စမတ်ဖုန်းကို နောက်လမှာ ကြေညာနိုင်ပြီး Snapdragon 870 Chipset ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ အခုတော့ သူ့ရဲ့ ဓါတ်ပုံ ၁ ပုံ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပြီး စကရင်မှာ Android 11 အခြေပြု Origin OS , 8GB RAM နဲ့ 128GB Storage တွေ ပါတယ်လို့ ဖော်ပြထားပါတယ်။

ဓါတ်ပုံအရ အရွယ်သေး Notch မှာ ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး မျက်နှာပြင်က အပြားဖြစ်ပါတယ်။

ဓါတ်ပုံမှာ iQOO Neo5 တွင် 8+3GB RAM ပါတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ Fusion နည်းပညာလို့ သတင်းထွက်နေပြီး နောက်ကွယ်မှာ Run နေတဲ့ App တွေကို မထိခိုက်စေဘဲ RAM Memory တချို့ကို Storage Chip အတွက် ထောက်ပံ့ပေးတာလို့ သိရပါတယ်။

iQOO Neo5 ရဲ့ Specs တချို့ ပေါက်ကြားထွက်ပေါ်နေပြီး 4,400mAh ဘက်ထရီ , 88W Wired Charging , 66W Wireless Charging တွေ ထည့်သွင်းထားနိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂,၉၉၉ ယွမ်နဲ့ တရုတ်မှာ ရောင်းနိုင်ပြီး ၆ သိန်းခွဲလောက် ကျသင့်နိုင်ပါတယ်။

ref : gsmarena

%d bloggers like this: