Vivo S9e ရဲ့ အဓိက Specs တွေ ထွက်ပေါ်လာ

Vivo က မတ်လ ၆ ရက်နေ့မှာ S9 နဲ့အတူ S9e ကို တရုတ်မှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ Vivo S9e မှာ Dimensity 820 SoC မောင်းနှင်ထားပြီး ၆.၄၄ လက်မ Samsung AMOLED မျက်နှာပြင် ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။

90Hz Refresh Rate , 33W Flash Charge , 4,100mAh ဘက်ထရီတွေ ထောက်ပံ့ထားမှာ ဖြစ်ပြီး အရွယ်သေး Notch မှာ 32MP ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး ပင်မက 64MP ဖြစ်နိုင်ပါတယ်။ 8GB RAM ပါလာမှာ ဖြစ်ပြီး 128/256GB Storage တွေ ရွေးချယ်နိုင်မှာပါ။

ပြီးခဲ့တဲ့လက Geekbench မှာ တွေ့ခဲ့ရတဲ့ Vivo V2048A ဟာ Vivo S9e ဖြစ်နိုင်ပြီး Dimensity 820 SoC, 8GB RAM နဲ့ Android 11 OS ပါတယ်လို့ ဖော်ပြထားပါတယ်။

Vivo ကတော့ S9 Series အကြောင်း ဘာမှ မပြောသေးပါဘူး။ မကြာခင်မှာ Vivo က မိတ်ဆက်ပွဲ အချိန်ကို ကြေညာနိုင်ပြီး Vivo S9 ဟာ Dimensity 1100 Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်ပါတယ်။ 90Hz Refresh Rate , 44MP Dual ဆဲလ်ဖီး ကင်မရာ , 64MP Main ကင်မရာ , 12GB RAM , 4,000mAh ဘက်ထရီ, 33W Fast Charging နဲ့ Android 11 တွေ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina

%d bloggers like this: