Huawei က ၂၀၂၁ မှာ စမတ်ဖုန်း ထုတ်လုပ်မှု ထက်ဝက်ကျော် လျှော့ချမည်

Huawei ဟာ ဖုန်း အစိတ်အပိုင်း ထောက်ပံ့သူတွေအား ၂၀၂၁ မှာ ၂၀၂၀ ကထက် ဖုန်း ထုတ်လုပ်ရောင်းချမှု လျှော့မယ်လို့ အသိပေးထားကြောင်း သတင်းထွက်လာပါတယ်။ Huawei ဟာ ဒီနှစ်မှာ ဖုန်း အလုံးရေ သန်း ၇၀ ကနေ ၈၀ အတွက် လိုအပ်တဲ့ အစိတ်အပို်းတွေကို မှာယူမှာလို့ သိရပါတယ်။ အရင်နှစ် ရောင်းအား ၁၈၉ သန်းရဲ့ ၆၀ ရာခိုင်နှုန်း လျော့နည်းသွားတာပါ။ ၂၀၁၉ တုန်းကတော့ ရောင်းအား ပိုကောင်းခဲ့ပြီး သန်း ၂၄၀ အထိ ရှိခဲ့ပါတယ်။

Huawei ဟာ 5G ဖုန်း ထုတ်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ လုံလုံလောက်လောက် မရနိုင်တဲ့အတွက် 4G ဖုန်းတွေကိုပဲ အဓိက ထုတ်မယ်လို့ သိရပါတယ်။ ဒါပေမယ့် ၂၀၂၁ မှာ Huawei ရဲ့ 5G ဖုန်းတွေ မထွက်လာတော့ဘူးလို့ မဆိုလိုပါဘူး။ Huawei ဟာ P50 အတွက်လည်း လိုအပ်တဲ့ အစိတ်အပိုင်းတွေ လုံလုံလောက်လောက် မရသေးဘူးလို့ သတင်းထွက်နေပါတယ်။

Huawei ကနေ ရောင်းလိုက်တဲ့ Honor ကတော့ သီးခြား ကုမ္ပဏီ ဖြစ်သွားတဲ့အတွက် ဖုန်း အစိတ်အပိုင်းတွေ လုံလုံလောက်လောက်ရနိုင်တယ်လို့ သိရပါတယ်။

ဒီလ အစောပိုင်းက အမေရိကန် သမ္မတ ဘိုင်ဒင်ဟာ စီးပွားရေး ဝန်ကြီး အဖြစ် Gina Raimondo ကို ရွေးချယ်ခဲ့ပြီး သူမက Huawei အား ပိတ်ဆို့ထားမှုတွေကို လျှော့ချပေးဖို့ အစီအစဉ် မရှိဘူးလို့ ပြောခဲ့ပါတယ်။ Huawei ဟာ အမေရိကန် လုံခြုံရေးအတွက် ခြိမ်းခြောက်မှုလို့ပဲ သူမက မြင်ပါတယ်။

Ref : gsmarena

%d bloggers like this: