Xiaomi Mi 11 Lite 5G ရဲ့ Specs တွေ FCC ကနေ ထွက်လာပြီ

စင်ကာပူက IMDA မှာ Xiaomi Mi 11 Lite အတွက် 5G မော်ဒယ် ထွက်လာမယ်လို့ ဖော်ပြထားပါတယ်။ အခုတော့ သူ့ကို FCC မှာ တွေ့လာရပြီ ဖြစ်ပြီး Specs နဲ့ လုပ်ဆောင်ချက် တချို့ကို သိလာရပါပြီ။ FCC မှာ သူ့ရဲ့ မော်ဒယ်နံပါတ်က M2101K9G ဖြစ်ပြီး 4G မော်ဒယ်ရဲ့ မော်ဒယ်နံပါတ်က M2101K9AG ဖြစ်ပါတယ်။

FCC မှာ 5G မော်ဒယ်အတွက် 6GB +128GB, 8GB + 128GB, 8GB + 256GB Storage Version တွေ ထွက်လာမယ်လို့ ဖော်ပြထားပါတယ်။ ဘက်ထရီက 4,150mAh ဖြစ်ပြီး 33W Fast Charging နဲ့ MIUI 12 တွေ ပါလာမယ်လို့ သိရပါတယ်။

ဆက်သွယ်မှု အပိုင်းမှာ 5G NR, NFC, 4G LTE with CA(Carrier Aggregation), Wi-Fi 5GHz, Bluetooth 5.2, GPS, Galileo, BeiDou, GLONASS တို့ ထောက်ပံ့ထားမှာ ဖြစ်ပြီး Chipset အကြောင်းကို FCC မှာ မတွေ့ရသေးပါဘူး။ ပေါက်ကြားသတင်းအရ မကြေညာရသေးတဲ့ Snapdragon SD7350 Chipset ပါလာနိုင်ပြီး 775 ဖြစ်နိုင်ပါတယ်။

အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 5MP Macro ကင်မရာ ၃ လုံးပါလာနိုင်ပါတယ်။ LCD မျက်နှာပြင်၊ 120Hz Refresh Rate တွေ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: