realme Buds Air 2 မှာ ANC နဲ့ Low Latency Mode ပါမှာ သေချာပြီ

realme Buds Air 2 ကို ဒီလ ၂၄ ရက်နေ့ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အသံအရည်အသွေးကို Electronic DJs The Chainsmokers က Tune လုပ်ထားမှာ ဖြစ်ပြီး ထိပ်တန်းအဆင့် Active Noise Cancellation (ANC) ပါလာမယ်လို့ အတည်ပြုထားပါတယ်။

အခုတော့ ကုမ္ပဏီက သူ့မှာ 25 dB ANC ပါလာမှာ ဖြစ်ပြီး လက်ရှိ ရောင်းချထားတဲ့ Buds Air Pro မှာတော့ ပိုမိုက်တဲ့ 35 dB ထည့်ထားတာပါ။ အဲဒီအတွက် Pro ရဲ့ ယူရို ၉၀ ထက် Air 2 က ဈေးပိုသက်သာမှာပါ။ ရောင်းဈေးကို မသိရသေးပေမယ့် မူလမျိုးဆက် Air ကို ၅၀ ယူရိုနဲ့ ရောင်းပေးထားတာပါ။

Buds Air 2 မှာ 88 ms အထိ Latency ကို လျှော့ချပေးနိုင်တဲ့ Gaming Mode ပါလာမှာ ဖြစ်ပြီး ဒီလုပ်ဆောင်ချက်ကတော့ Pro မော်ဒယ်ရဲ့ 94 ms ထက် ပိုကောင်းလာမှာပါ။ Buds Air 2 မှာ ဘက်ထရီ သက်တမ်း ပိုကောင်းလာပြီး ANC ဖွင့်ထားရင် ၂၂.၅ နာရီခံမှာပါ။ Pro မှာတော့ နာရီ ၂၀ ပဲ ခံပါတယ်။ Buds Air 2 ကို အားအပြည့်သွင်းဖို့ ၂ နာရီပဲ ကြာပြီး ၁၀ မိနစ် အားသွင်းရင် ၂ နာရီလောက် သုံးနိုင်ပါတယ်။

ဒါ့အပြင် realme ဟာ ဒီနှစ် ပထမ ၃ လအတွင်းမှာ စမတ်မီးသီးကိုလည်း မိတ်ဆက်ဖို့ ရှိနေပြီး realme Link App ကနေ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: