ZTE က ဒုတိယမျိုးဆက် မျက်နှာပြင်အောက် ကင်မရာကို MWC Shanghai မှာ ကြေညာမည်

ZTE ဟာ မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ စမတ်ဖုန်းကို ကမ္ဘာမှာ ပထမဆုံး ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ အခုတော့ ZTE က ဒုတိယမျိုးဆက် မျက်နှာပြင်အောက် ကင်မရာကို MWC Shanghai မှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ ပွဲကို ဒီလ ၂၃ ရက်ကနေ ၂၅ ရက်အတွင်း ကျင်းပမှာ ဖြစ်ပြီး အဲဒီ နည်းပညာပါလာမယ့် ပထမဆုံး စမတ်ဖုန်းက Axon 30 Pro လို့ သတင်းထွက်နေပါတယ်။

ဒီသတင်းကို ZTE ရဲ့ မိုဘိုင်း ဌာန ဥက္ကဌ Ni Fei က ဝီဘိုမှာ ကြေညာလိုက်တာ ဖြစ်ပြီး သူက ကမ္ဘာ့ ပထမဆုံး မျက်နှာပြင်အောက် 3D Structured Light နည်းပညာကိုလည်း ချပြမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီနည်းပညာကို ဘယ်လို သုံးမလဲဆိုတာ မသိရသေးပေမယ့် Face Scanning ပိုတိကျလာမယ်လို့ သိရပါတယ်။ ZTE ဟာ တရုတ်မှာ Patents အများဆုံး မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီလို့လည်း Ni Fei က ပြောပါတယ်။

Axon 30 Pro ဟာ ZTE ရဲ့ ၂၀၂၁ ထုတ် ပထမဆုံး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်လာနိုင်ပြီး Samsung မကြေညာရသေးတဲ့ 200MP S5KGND Sensor ထည့်သွင်းထားနိုင်ပါတယ်။ မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ပထမဆုံး ဖုန်း Axon 20 5G မှာတော့ ဓါတ်ပုံ အရည်အသွေး သိပ်မကောင်းပါဘူး။ ဒုတိယမျိုးဆက် မျက်နှာပြင်အောက် ကင်မရာက ဒီထက် ပိုကောင်းလာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: