Xiaomi က ကိုယ်ပိုင် ကားထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သတင်းထွက်

Huawei က ကား ထုတ်လုပ်တဲ့ နယ်ပယ်ကို မျက်စပစ်နေတဲ့ သတင်းတွေ မကြာခင်က တက်လာပါတယ်။ အခုတော့ Xiaomi ကလည်း Huawei လမ်းစဉ်ကို လိုက်တော့မှာပါ။ Xiaomi က ကိုယ်ပိုင် ကားထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သတင်းထွက်လာပါတယ်။

Xiaomi CEO Lei Jun က ကားထုတ်လုပ်တဲ့ စီမံကိန်းကို ဦးဆောင်မယ်လို့ သိရပေမယ့် သူ့ကို ဒီအကြောင်းမေးကြည့်တဲ့အခါ ဘာမှ မပြောပါဘူး။ ၂၀၁၃ ခုနှစ်မှာ Lei Jun ဟာ Tesla CEO Elon Musk နဲ့ တွေ့ဆုံဖို့ အမေရိကန်ကို ၂ ကြိမ်သွားခဲ့ပါတယ်။ Xiaomi ဟာ အီလက်ထရစ် ကားတွေကို ထုတ်လုပ်ရောင်းချဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်ကားဈေးကွက်ကို ဘယ်လို နည်းဗျူဟာတွေနဲ့ ဝင်ရောက်လာမလဲ ဆိုတာ သေသေချာချာ မသိရသေးပါဘူး။

Xiaomi ကတော့ ကားထုတ်လုပ်ရောင်းချမယ့် သတင်းကို ဘာမှမပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ အဲဒီအတွက် လက်ရှိမှာ ဒီသတင်းဟာ မသေချာသေးပါဘူး။ မကြာခင်မှာ သတင်းတွေ ပိုမို သိလာရနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: