Xiaomi Mi 11 ကို တရုတ် ပြင်ပမှာ ၂၅ ရက်နေ့ စရောင်းမည်

Xiaomi က တရုတ်မှာ Mi 11 ကို ဒီဇင်ဘာလက ကြေညာခဲ့ပြီး ဒီလ အစောပိုင်းမှာ နိုင်ငံတကာအတွက် ချပြလိုက်ပါပြီ။ အခုတော့ တရုတ် ပြင်ပမှာ ၂၅ ရက်နေ့ စရောင်းပေးတော့မှာ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေမှာ ပထမဆုံး အနေနဲ့ ရောင်းပေးမှာ ဖြစ်ပြီး စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ရောင်းချဖို့ Xiaomi ရဲ့ Facebook Page တွေကနေ အတည်ပြုထားပါတယ်။

Mi 11 ရဲ့ Specs တွေကို ပြန်လည်လေ့လာကြည့်ရအောင်။ သူ့မှာ 120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate ပါတဲ့အတွက် ဂိမ်းကစားရင် ၊ ဖုန်း သုံးရင် မျက်နှာပြင် တုန့်ပြန်မှု အရမ်း ကောင်းပါတယ်။ ခြစ်ရာနဲ့ ပြုတ်ကျတဲ့ဒဏ်ကို ပိုခံနိုင်တဲ့ Gorilla Glass Victus သုံးထားပြီး DisplayMate ရဲ့ A+ Rating ရထားပါတယ်။

VC LiquidCool နည်းပညာ ပါတဲ့အတွက် အပူချိန်လျှော့ချပေးနိုင်ပြီး အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။ 55W Wired Flash Charging က ၄၅ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပြီး 50W Wireless Fast Charging နဲ့ 10W Wireless Reverse Charging တွေ ပါလာပါတယ်။ တရုတ်မှာ Charger မပါတဲ့ ဗားရှင်းနဲ့ 55W GaN Charger ပါတဲ့ ဗားရှင်း ၂ မျိုး ရောင်းမှာ ဖြစ်ပြီး ဈေးက အတူတူပါပဲ။

Xiaomi Mi 11 specifications

• 6.81-inch (3200×1440 pixels) Quad HD+ AMOLED 20:9 HDR10 + display with 120Hz refresh rate, 1500nit (HBM) / 900nit (Typ) brightness, 5000000:1 (Min) contrast ratio, MEMC, 100% DCI-P3 Wide Color Gamut, Corning Gorilla Glass Victus protection
• Octa Core Snapdragon 888 5nm Mobile Platform with Adreno 660 GPU
• 8GB LPPDDR5 3200MHz RAM with 128GB / 256GB UFS 3.1 storage / 12GB 3200MHz LPPDDR5 RAM with 256GB UFS 3.1 storage
• Dual SIM (nano + nano)
• MIUI 12 based on Android 11
• 108MP rear camera with 1/ 1.33″ Samsung sensor, 0.8μm pixel size, f/1.85 aperture, OIS, LED flash, 13MP 123° ultra-wide angle lens with f/2.4 aperture, 5MP telemacro camera with f/2.4 aperture, 8k at 30fps, 4k 60fps, 960fps at 720p
• 20MP front-facing camera with 0.8μm pixel size, f/2.4 aperture
• In-screen fingerprint sensor with heart rate monitoring, Infrared sensor
• USB Type-C audio, Hi-Res audio, Dual speakers, SOUND BY Harman Kardon
• Dimensions: 164.3x 74.6 x 8.06mm (glass)/8.56mm (leather); Weight: 196g (glass) / 194g (leather)
• 5G SA/NSA Dual 4G VoLTE, Wi-Fi 6E 802.11 ax 8 x / MU-MIMO, Bluetooth 5.1, GPS (L1 + L5), NFC, USB Type-C
• 4600mAh (Typical) / 4500mAh (Minimum) battery with 55W wired QC4+ / QC3+ / PD3.0, 50W wireless fast charging, 10w wireless reverse charging

Midnight Gray, Horizon Blue နဲ့ Frost White ၃ ရောင် ထုတ်လုပ်ထားပြီး သားရေ မော်ဒယ်အတွက် Lilac Purple နဲ့ Honey Beige တွေ ရွေးချယ်နိုင်ပါတယ်။ 8/128GB ကို ၇၄၉ ယူရို ၊ 8/256GB ကို ၇၉၉ ယူရို သတ်မှတ်ထားပြီး ၁၂ သိန်း ၇ သောင်းနဲ့ ၁၃ သိန်းခွဲလောက် အသီးသီး ကျသင့်မှာပါ။ တရုတ်က ဈေးဟာ ဒီထက် ပိုချိုပါတယ်။

Ref : fonearena

%d bloggers like this: