Samsung Galaxy A72 4G ကို ထိုင်းမှာ မှတ်ပုံတင်လိုက်ပြီ

Samsung Galaxy A72 ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူ့အတွက် 4G နဲ့ 5G Version ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး Chipset က လွဲကာ တခြား အစိတ်အပိုင်းတွေ တူညီနိုင်ပါတယ်။ အခုတော့ 4G Version ကို ထိုင်းက NBTC မှာ မှတ်ပုံတင်လိုက်တဲ့အတွက် ကြေညာဖို့ နီးသထက်နီးလာပါပြီ။ အဲဒီမှာ သူ့ရဲ့ သတင်းအချက်အလက်တွေကို မဖော်ပြထားသေးပါဘူး။

အရင်က 4G Version ကို Geekbench မှာ တွေ့လာရပြီ ဖြစ်ပြီး Snapdragon 720G Chipset , Android 11 နဲ့ 8GB RAM ပါလာမယ်လို့ ဖော်ပြထားပါတယ်။ မကြာခင်ကပဲ Samsung Galaxy A72 ရဲ့ ဓါတ်ပုံတွေ ထွက်လာခဲ့ပြီး အနောက်ကင်မရာ ၄ လုံး ပါလာပါတယ်။

မကြာခင်က သူ့ရဲ့ Specs အပြည့်အစုံ ပေါက်ကြားထွက်ပေါ်လာပြီး ၆.၇ လက်မ FullHD+ 90Hz Super AMOLED မျက်နှာပြင်နဲ့ Snapdragon 720G Chipset ပါလာနိုင်ပါတယ်။ Android 11 မောင်းနှင်ထားမှာ ဖြစ်ပြီး အနောက်ကင်မရာ ၄ လုံးက 64MP Main , 12MP Ultrawide , 8MP Macro နဲ့ 2MP Depth တွေ ဖြစ်တယ်လို့ သတင်းရထားပါတယ်။ 32MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားမှာပါ။

မကြာခင်က သူ့ရဲ့ အားသွင်းနှုန်းကို TUV Rheinland မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး 25W Charging ပါမယ်လို့ ဖော်ပြထားပါတယ်။ အရင်မျိုးဆက် A71 မှာလည်း အဲဒီ အားသွင်းနှုန်းပဲ ထည့်ထားတဲ့အတွက် ဘက်ထရီကလည်း A71 မှာလို 4,500mAh ပါလာနိုင်ပါတယ်။ 4G Version ကို ယူရို ၄၅၀ နဲ့ ၅၀၀ အကြား၊ 5G Version ကို ယူရို ၅၅၀ နဲ့ ၆၀၀ အကြား ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီဈေးတွေက မသေချာသေးပါဘူး။

Ref : gsmarena

%d bloggers like this: