Redmi K40 မှာ အနောက်ကင်မရာ ၃ လုံးပါမှာ သေချာပြီ

Redmi K40 Series ကို ၂၅ ရက်နေ့ ကြေညာမယ်လို့ အထွေထွေမန်နေဂျာ Lu Weibing က အတည်ပြုထားပါတယ်။ အခုတော့ ကုမ္ပဏီက Teaser အသစ် ၁ ခုကို မျှဝေလိုက်ပြီး အနောက်ကင်မရာ ၃ လုံးကို မြင်ရပါတယ်။ AI Triple Camera စာသား ရေးထိုးထားပြီး အရွယ်ကြီး ကင်မရာ ၂ လုံးကြားမှာ အရွယ်သေး ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ တခြား အပေါက် ၁ ခုက ဘာအတွက်လဲ မသိပါဘူး။

Redmi K40 Series မှာ Snapdragon 888 Chipset ပါမယ်လို့ အတည်ပြုထားပြီးပါပြီ။ ဒါပေမယ့် စွမ်းရည်မြင့် K40 Pro မှာပဲ SD888 ပါလာမှာ ဖြစ်ပြီး ရိုးရိုး Redmi K40 မှာ Snapdragon 870 Chipset ပဲ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ TENAA က စာရင်းအရ K40 မှာ 4,500mAh ဘက်ထရီနဲ့ Android 11 ထည့်သွင်းထားမှာပါ။

TENAA က စာရင်းအရ K40 Series မှာ AMOLED မျက်နှာပြင် အပြား ထည့်သွင်းပြီး လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားမှာပါ။ ဆဲလ်ဖီး ကင်မရာ ၁ လုံးကို Punch Hole မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ K40S အမည်ရ မော်ဒယ်လည်း ထွက်လာနိုင်တယ်လို့ သိရပါတယ်။

Ref : gsmarena

%d bloggers like this: