5,000mAh ဘက်ထရီ ပါတဲ့ Moto E7 Power ကို ကြေညာ

Motorola က အိန္ဒိယမှာ တန်ဖိုးနည်း စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Moto E7 Power လို့ နာမည်ပေးထားပြီး ၆.၅ လက်မ HD+ MaxVision မျက်နှာပြင်နဲ့ အရွယ်သေး Notch ထည့်သွင်းထားပါတယ်။ Octa-core MediaTek Helio G25 Processor မောင်းနှင်ထားပြီး microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ 13MP Main +2MP Macro ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံး ပါလာပြီး IP52 စံနှုန်း ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး ပလတ်စတစ်နဲ့ တည်ဆောက်ထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ 10W Charging ထောက်ပံ့ထားပါတယ်။

Moto E7 Power specifications

• 6.5-inch (1600×720 pixels) HD+ MaxVision display
• 2GHz Octa Core MediaTek Helio G25 processor with IMG PowerVR GE8320 GPU
• 2GB LPDDR4x RAM with 32GB (eMCP) storage / 4GB LPDDR4x RAM with 64GB (eMCP) storage, expandable memory up to 1TB with microSD
• 13MP rear camera with f/2.2 aperture, LED flash, 2MP macro camera
• 5MP front camera with f/2.2 aperture
• Android 10
• Hybrid Dual SIM (nano + nano / microSD)
• 3.5mm audio jack, FM Radio
• Rear-mounted fingerprint scanner, Google Assistant Button
• Water resistant (IP52)
• Dual 4G VoLTE 2X2 MIMO, Wi-Fi 802.11 b/g/n (2.4GHz), Bluetooth 5.0, GPS + GLONASS, USB Type-C Port
• 5,000 mAh battery with 10W charging

Moto E7 Power အတွက် Tahiti Blue နဲ့ Coral Red ၂ ရောင် ထုတ်လုပ်ထားပြီး 2/32GB ကို ၇,၄၉၉ ရူပီးနဲ့ 4/64GB ကို ၈,၂၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၁ သိန်းခွဲနဲ့ ၁ သိန်း ၆ သောင်းလောက်ပဲ အသီးသီး ကျသင့်ပြီး ၂၆ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: