SD888 နဲ့ 6,000mAh ဘက်ထရီ ပါနိုင်တဲ့ Asus ROG Phone 5 ကို မတ်လ ၁၀ ရက်နေ့ ကြေညာမည်

Asus က သတင်းများစွာ ထွက်နေတဲ့ ROG Phone 5 ကို မတ်လ ၁၀ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ သူဟာ အရင်နှစ် ဇူလိုင်လက ကြေညာခဲ့တဲ့ ROG Phone 3 ရဲ့မျိုးဆက်သစ် ဖြစ်ပြီး 4 ကို ကျော်ကာ 5 ကို ကြေညာမှာပါ။

Asus ဟာ နောက်မျိုးဆက် Gaming ဖုန်း အသစ်ကို တရုတ်က TENAA နဲ့ MIIT မှာ မှတ်ပုံတင်ထားပြီ ဖြစ်ပြီး ဓါတ်ပုံနဲ့ Specs တချို့ကို ဖော်ပြထားပါတယ်။ အနောက်ဘက်မှာ ROG Logo ကို Dot Matrix Aura Lighting ဒီဇိုင်းနဲ့ ပြသထားပြီး ဆော့ဖ်ဝဲနဲ့ Customize လုပ်နိုင်ပါတယ်။ အလားတူ Dot Matrix ဒီဇိုင်းပါတဲ့ Lightning Armor Case ကို ROG Phone 3 အတွက် ထုတ်လုပ်ပေးခဲ့ပါတယ်။

သူ့မှာ ၆.၇၈ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း မျက်နှာပြင်အောက်မှာ မြှပ်နှံထားမှာပါ။ FHD+ လား QHD+ လားတော့ မသိရသေးပါဘူး။ 144Hz Refresh Rate ထည့်ထားမှာ သေချာသလောက်ရှိပါတယ်။

သူ့ရဲ့ မော်ဒယ်နံပါတ်က I005DA ဖြစ်ပြီး စွမ်းရည်မြင့် Snapdragon 888 Chipset နဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ 3,000mAh ဘက်ထရီ ၂ လုံးကို တွဲဆက်ထားတဲ့ ဒီဇိုင်း ဖြစ်တဲ့အတွက် အားသွင်းနှုန်း အရမ်းမြန်မှာ သေချာပါတယ်။ 65W Charger ပါလာမယ်လို့ 3C မှာ ဖော်ပြထားပါတယ်။

အနောက်ဘက်မှာ 64MP Main အပါအဝင် ကင်မရာ ၃ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး အပို မျက်နှာပြင် အသေးလေးကို အနောက်ဘက်မှာ တပ်ဆင်ထားမှာပါ။ အရင်ပေါက်ကြားခဲ့တဲ့ ဗီဒီယို အရ အဲဒီ မျက်နှာပြင်လေးရဲ့ အလုပ်လုပ်ပုံကို သိခဲ့ရပြီး ဝင်လာတဲ့ Notification တွေကို Preview ပြသပေးပါတယ်။

Ref : gsmarena

%d bloggers like this: