LG က Apple အတွက် Foldable မျက်နှာပြင် ဖန်တီးနေ

LG ရဲ့ စမတ်ဖုန်း စီးပွားရေး လုပ်ငန်း အနာဂတ်ဟာ သိပ်မကောင်းလှပါဘူး။ ဒါပေမယ့် LG မှာ စီးပွားရေး လုပ်ငန်းများစွာ ရှိပါတယ်။ ထိုင်ဝမ် မီဒီယာ DigiTimes က LG Display ဟာ Apple အတွက် Foldable မျက်နှာပြင်တွေ ဖန်တီးနေတယ်လို့ ပြောပါတယ်။ အဲဒီအတွက် အနာဂတ်မှာ Foldable iPhone တွေ ထွက်လာတော့မှာ ဖြစ်ပါတယ်။

LG ဟာ Apple အတွက် နမူနာ Foldable မျက်နှာပြင် ၁ ခုကို ဖန်တီးနေတယ်လို့ အတွင်းသတင်းတွေအရ သိရပါတယ်။ အနာဂတ် iPhone တွေမှာ LG ရဲ့ Foldable OLEDs မျက်နှာပြင်တွေ ပါလာမလား ၊ Apple ဟာ တခြား ကုမ္ပဏီတွေရဲ့ Foldable မျက်နှာပြင်တွေကို အသုံးပြုမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီ ၁ ပတ်အစောပိုင်းက ထွက်ခဲ့တဲ့ သတင်းအရ Apple ဟာ ၂၀၂၃ ခုနှစ်မှာ Foldable iPhone တွေ ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ Apple Pencil Support လည်း ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ Huawei , Samsung နဲ့ Motorola တို့ဟာ Foldable Android စမတ်ဖုန်းတွေကို စတင် ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်တဲ့အတွက် Apple ဟာ နောက်ကောက်ကျနေပါတယ်။ ဒါပေမယ့် Apple ဟာ အဲဒီ နည်းပညာ တိုးတက်ဖွံ့ဖြိုးလာတဲ့ အချိန်ကောင်းကို စောင့်နေတာလည်း ဖြစ်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: