Apple က AirTags , mini-LED iPad Pro နဲ့ AirPods 3 ကို မတ်လမှာ ကြေညာနိုင်

Apple ဟာ မတ်လမှာ အနည်းဆုံး ထုတ်ကုန် အသစ် ၃ ခုကို ကြေညာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ Jon Prosser က သတင်းပေးထားပြီး အဲဒီ ထုတ်ကုန်တွေက Samsung Galaxy Smart Tag ရဲ့ ပြိုင်ဖက် AirTags ၊ mini-LED ပါတဲ့ iPad Pro နဲ့ AirPods 3 တို့ ဖြစ်ပါတယ်။ အရင်ကတော့ Jon Prosser ဟာ AirTags ကို ပြီးခဲ့တဲ့အောက်တိုဘာလက ကျင်းပခဲ့တဲ့ M1 Event မှာ ကြေညာနိုင်တယ်လို့ သတင်းပေးခဲ့ပါသေးတယ်။

iPad Pro ရဲ့ ဒီဇိုင်းဟာ အရင်မျိုးဆက်နဲ့ တူညီနိုင်ပြီး စွမ်းရည်မြင့် A14 Chipset ရဲ့ မော်ဒယ် ၁ မျိုး ထည့်သွင်းထားနိုင်ပါတယ်။ ၁၂.၉ လက်မ iPad Pro မှာ mini-LED နည်းပညာ အသစ် ပါလာနိုင်ပြီး ၁၁ လက်မ iPad Pro ရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။

မတ်လ ကြေညာမယ့်အထဲမှာ AirPods 3 လည်း ပါလာနိုင်ပြီး လက်ရှိမှာ သူ့ သတင်းအချက်အလက်တွေကို အနည်းငယ်ပဲ သိရပါသေးတယ်။ AirPods Pro ရဲ့ ဒီဇိုင်းနဲ့ တူညီနိုင်ပေမယ့် Active Noise Cancellation (ANC) မပါလာနိုင်ပါဘူး။ ဒေါ်လာ ၂၀၀ လောက်ရှိတဲ့ လက်ရှိ AirPods Pro ထက် ၂၀ ရာခိုင်နှုန်း ဈေးသက်သာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: