ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလမှာ Xiaomi ပိုင်တဲ့ Poco က X3 စမတ်ဖုန်းကို ကြေညာခဲ့ပြီး အခုတော့ Pro Version ကို မကြာခင် ကြေညာနိုင်ပါတယ်။ အခုတော့ သူ့ကို ထိုင်းက NBTC မှာ မှတ်ပုံတင်ထားပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က M2102J20SG ဖြစ်ပါတယ်။
Poco X3 Pro 4G bags NBTC certification.#PocoX3Pro #PocoX3ProNFC pic.twitter.com/7OBFOqOMML
— Abhishek Yadav (@yabhishekhd) February 15, 2021
ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်အတွင်းကပဲ သူ့ကို အိန္ဒိယက Bureau of Indian Standards (BIS) နဲ့ မလေးရှားက Standard and Industrial Research Institute of Malaysia (SIRIM) တို့မှာ မှတ်ပုံတင်ထားပါတယ်။
မကြာခင်ကပဲ အဲဒီ မော်ဒယ်နံပါတ်ကို ရုရှားက Eurasian Economic Commission (EEC) ၊ အမေရိကန်က Federal Communications Commission (FCC) ၊ စင်ကာပူက Infocomm Media Development Authority (IMDA) နဲ့ TUV Rheinland တို့မှာ မှတ်ပုံတင်ထားပါတယ်။
လက်ရှိမှာ Poco X3 Pro ရဲ့ Specs တွေကို မသိရသေးပေမယ့် အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားနိုင်ပါတယ်။ 48MP Main , Ultrawide, Macro နဲ့ Depth ကင်မရာတွေ ဖြစ်နိုင်ပြီး မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရတော့မယ်လို့ ထင်ပါတယ်။
Ref : gizmochina