Xiaomi Mi 11 Lite ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

Xiaomi ဟာ Mi 11 Series ရဲ့ Lite မော်ဒယ်ကို ကြေညာတော့မှာ ဖြစ်ပြီး သူ့ရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း သူ့ရဲ့ ဓါတ်ပုံ ၁ ပုံ ထွက်လာပြီး ဒီဇိုင်းကို လေ့လာခွင့်ရလာပါတယ်။ Mi 11 Lite ရဲ့ အရှေ့နဲ့ အနောက်ဘက် ဒီဇိုင်းဟာ Mi 11 နဲ့ လုံးဝတူညီနေပါတယ်။ ကွဲပြားချက် ၁ ခုက မျက်နှာပြင် ဘေးဘက်တွေဟာ မကွေးညွှတ်ဘဲ ပြားချပ်ပါတယ်။

အွန်လိုင်းမှာ Mi 11 Lite ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာတာ ဒါနဲ့ဆိုရင် ၂ ကြိမ်ရှိပါပြီ။ ပြီးခဲ့တဲ့ ၁ လကျော်လောက်ကလည်း မျက်နှာပြင် အပြားနဲ့ အနောက်ကင်မရာ ၃ လုံး ပါတဲ့ သူ့ရဲ့ ဓါတ်ပုံ ၁ ပုံ ထွက်လာခဲ့ဖူးပြီး ကင်မရာ စုဖွဲ့ထားပုံက Mi 11 နဲ့ တူညီတာတွေ့ရပါတယ်။

Mi 11 Lite ရဲ့ Chipset ဟာ Snapdragon 732G ဖြစ်မယ်လို့ သတင်းထွက်နေပြီး 5G ဆက်သွယ်မှု မထောက်ပံ့တဲ့အတွက် မသေချာနိုင်သေးပါဘူး။

Xiaomi က Mi 11 Lite နဲ့ Mi 11 Pro ကို အတူတူ ကြေညာနိုင်ပြီး Pro မော်ဒယ်မှာ Periscope Lens ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Mi 11 Ultra ရဲ့ အနောက်ဘက်မှာ အပို မျက်နှာပြင် ၁ ခု ပါလာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: