SD870 ပါတဲ့ Vivo iQOO Neo 5 ကို မတ်လမှာ ကြေညာနိုင်

Vivo ဟာ ဇန်နဝါရီလမှာ iQOO 7 ကို ကြေညာခဲ့ပြီး အခုတော့ နောက်ထပ်ဖုန်း ၁ လုံးကို ကြေညာဖို့ စီစဉ်နေပါတယ်။ သူကတော့ SD865 ပါတဲ့ iQOO Neo 3 ရဲ့ မျိုးဆက် iQOO Neo 5 ဖြစ်ပါတယ်။

အဲဒီ ဖုန်း အသစ်ကို မတ်လလယ်လောက်မှာ ချပြနိုင်ပြီး Snapdragon 870 Chipset ပါလာနိုင်ပါတယ်။ Samsung ရဲ့ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး ဈေးကွက်ထဲမှာ အမြန်ဆုံး အားသွင်းနှုန်းတွေထဲက ၁ ခု ဖြစ်တဲ့ 88W Wired Charging နဲ့ 66W Wireless Charging တွေ ထောက်ပံ့ထားမှာပါ။ 4,400mAh ဘက်ထရီ ပါလာမှာ ဖြစ်ပါတယ်။

မျက်နှာပြင်က Super AMOLED ဖြစ်ပြီး 120Hz Refresh Rate ပါလာမှာပါ။ 16MP အရှေ့ ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 48MP Main , 13MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ပါလာနိုင်ပါတယ်။

စပီကာ ၂ လုံး၊ အလူမီနီယမ် ကိုယ်ထည်နဲ့ အပူစုပ်ယူတဲ့ နည်းပညာ ထည့်သွင်းထားမှာ ဖြစ်ပြီး ၄၆၄ နဲ့ ၅၇၂ ဒေါ်လာအတွင်း ရောင်းနိုင်ပါတယ်။ ၆ သိန်းခွဲလောက်ကနေ စနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: