နာမည်ကြီး စမတ်ဖုန်းတွေကို ရွှေ၊ ကျောက်သံပတ္တမြားတွေနဲ့ အလှဆင် ရောင်းချနေတဲ့ ရုရှား ကုမ္ပဏီ Caviar က iPhone 12 Pro နဲ့ 12 Pro Max Warrior Collection တို့ကို ရောင်းချပေးလိုက်ပါတယ်။ မော်ဒယ် ၆ မျိုး ပါလာပြီး ဈေးအကြီးဆုံးက Mao Edition ဖြစ်ပါတယ်။ တရုတ်ပြည် ဟန်မင်းဆက်မှာ သုံးခဲ့တဲ့ Mao လှံရှည် နာမည်ကို ပေးထားတာပါ။
သူ့မှာ ၂၄ ကာရက် ရွှေတွေကို အနောက်ဘက်မှာ သွန်းလောင်းထားပြီး အောက်နားမှာ ပတ္တမြား ၁ လုံးနဲ့ သွေးစီးကျတဲ့ ပုံဖော်ထားပါတယ်။ Mao iPhone 12 Pro 128GB ကို ၃၆,၉၅၀ ဒေါ်လာနဲ့ 12 Pro Max 512GB ကို ၄၄,၇၂၀ ဒေါ်လာ သတ်မှတ်ထားပြီး သိန်း ၅၂၀ နဲ့ ၆၃၀ လောက် အသီးသီး တန်ကြေးရှိပါတယ်။
Apocalypto မော်ဒယ်ကို ၃၄,၈၃၀ ဒေါ်လာ သတ်မှတ်ထားပြီး ၂၄ ကာရက် ရွှေနဲ့ အလှဆင်ထားပါတယ်။ ရှေးခေတ် အိန္ဒိယ စစ်သည်တော်တွေကို သရုပ်ဖော်ထားတဲ့ Rajan မော်ဒယ်၊ Maya Version ၊ Apache နဲ့ Zulu မော်ဒယ်တွေလည်း ထုတ်လုပ်ထားပါတယ်။
Ref : gsmarena