Apple Watch သုံးစွဲသူ သန်း ၁၀၀ ကျော်ပြီ

Above Avalon က Apple Watch သုံးစွဲသူ စစ်တမ်းကို ထုတ်ပြန်ကြေညာလိုက်ပြီး ကမ္ဘာအဝန်းမှာ သန်း ၁၀၀ ကျော်ပြီလို့ သိရပါတယ်။ iPhone သုံးစွဲသူတွေဟာ ၁ ဘီလီယမ်လောက်ရှိပြီ ဖြစ်တဲ့အတွက် Apple Watch သုံးစွဲသူဟာ iPhone သုံးစွဲသူနဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။

ပထမဆုံး Apple Watch ကို ၂၀၁၅ ခုနှစ်မှာ ရောင်းချခဲ့ပြီး အဲဒီအချိန်ကတည်းက ဈေးအကြီးဆုံး စမတ်နာရီ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ Apple Watch အလုံးရေ သန်း ၃၀ ရောင်းချနိုင်ခဲ့တဲ့အတွက် Apple အတွက် အောင်မြင်တဲ့ နှစ်လို့ ပြောနိုင်ပါတယ်။ အဲဒီ အရေအတွက်ဟာ ၂၀၁၅ ၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် ၃ ခုပေါင်းတာထက်တောင် များနေပါတယ်။

အမေရိကန်ကတော့ စမတ်နာရီတွေ သုံးစွဲမှုနှုန်း အမြန်ဆုံး ဖြစ်လာပြီး iPhone သုံးစွဲသူ ၃၅ ရာခိုင်နှုန်းဟာ Apple Watch နဲ့ချိတ်ဆက် သုံးကြပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ Apple Watch သုံးစွဲသူ အရမ်း မများသေးဘဲ iPhone, iPad , Mac တို့ရဲ့နောက် နံပါတ် ၄ နေရာမှာပဲ ရှိနေပါသေးတယ်။ ဒါပေမယ့် သုတေသန စစ်တမ်းတွေအရ ၂၀၂၂ မှာ Apple Watch ရောင်းအား ပိုကောင်းလာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: